ယန်မင်ရှို့ဘက်က အမြင်

35.6K 1.3K 43
                                    

For Zawgyi

ဒီဝတ္ထုရဲ့ ဇာတ်လိုက်တော့ ကျိုရှန်းပေါ့ ဒါပေမဲ့လည်း စာရေးသူက ယန်မင်ရှို့ဘက်က အမြင်နှစ်မျိုးနဲ့ ရေးထားလေတော့ သူနဲအတူစကြတာပေါ့

တကယ်တော့ လွန်ခဲ့သော လအနည်းငယ်ကတည်းက သူ့နှလုံးသားထဲမှာ ကျိုရှန်းအပေါ်ထားသော ခံစားချက်များ နည်းနည်းပြောင်းလဲလာတာကို သူခံစားမိသည်။ ဒါပေမယ့် အဲဒီအချိန်တုန်းက သူ ဂရုမစိုက်ခဲ့ပေ ဘာလို့ဆို ကျိုရှန်းက သူ့ဘ၀ထဲကို အ၀င်ခံလိုက်တဲ့ ပထမဆုံးလူ၊ သူနဲ့ အတူနေတဲ့ ပထမဆုံးလူဖြစ်တာကြောင့် ကျိုရှန်းအပေါ် သူများနဲ့မတူသော ခံစားချက်ပေါ်လာတာမျိုးကလည်း ဝမ်ယုတုန်နဲ့ တူနေလို့သာ ပေါ်လာသော ခံစားချက်ပဲ ဖြစ်လိမ့်မည်။

ဝမ်ယုတုန် သူ့အမနဲ့ စေ့စပ်လိုက်ချိန်မှာ သူ ၀မ်ယုတုန်ကို လက်လျှော့လိုက်ဖို့ စီစဉ်ထားပြီးပြီ။ မျှော်လင့်ချက်မရှိသော ခံစားချက်တွေနောက်ကို လိုက်ဖို့ဆိုသည်က အကျိုးအမြတ်မရှိသော အလုပ်တစ်ခုဖြစ်သည်။ ထို့အပြင် သူရှေ့တိုးလျှင် သူ့အမကို နာကျင်အောင် လုပ်မိသွားနိုင်သည်။ ဒီလိုကိစ္စမျိုးကို သူ ခေါင်းမာပြီး တင်းခံမနေသင့်။ထပ်လောင်းပြောရလျှင် ကျိုရှန်း သူ့ဘေးမှာ ရှိနေသည်က အထီးကျန်မှုကို မခံစားရတော့။ အမှန်တော့ ဒါ သူ့အတွက် လုံလောက်ပြီလို့ ခံစားရသည်၊ ပြည့်စုံသွားပြီလို့တောင် ခံစားရသည်။

အဲ့ဒီ့အချိန်မှာ သူ ကျိုရှန်းကို လက်ခံရန် ဆုံးဖြတ်တော့မည်ဟု စိတ်ဒုန်းဒုန်းချခဲ့ပါသည်။

ဒါပေမယ့် သူမထင်မှတ်ထားတာက ကျိုရှန်း အကုန်လုံးကို သိသွားပြီး ပြင်းပြင်းထန်ထန်တုန့်ပြန်လိမ့်မယ် ဆိုတာကို ဖြစ်သည်။ နောက်ဆုံးမှာ သူ ၀မ်ယုတုန်အကျိုးအတွက် ကျိုရန်းကို စတေးမလား၊ ကျိုရှန်းအတွက် ၀မ်ယုတုန်ကို စတေးမလားဆိုပြီး ရွေးချယ်ရသော အခြေအနေအထိ ရောက်လာသည်။ ၀မ်ယုတုန် ကိုယ်တိုင်က တောင်းဆိုလာသောအချိန်မှာ သူ့မှာ ငြင်းစရာ အကြောင်းမရှိ။ သူ့မှာလည်း သူ့အကြောင်းပြချက်ရှိသည်။ ပထမအချက်က၊ ဒီဇာတ်ကောင်နေရာကို ၀မ်ယုတုန်ရမယ်ဆိုရင် သူ့ရဲ့ အတွက် အကျိုး တစ်ဆယ်ရမဟ်ဆိုလျှင် ကျိုရှန်းရမည်က အဆတစ်ရာ။ ဇာတ်ကောင်နေရာကို ရှုံးရမည်ဆိုလျှင် ကျိုရှန်းက အများဆုံး တစ်ဆယ်သာ ဆုံးရှုံးမည်၊ သို့သော် ၀မ်ယုတုန်ကတော့ တစ်ထောင်ဆုံးရှုံးမည်။ ဒုတိယအချက်က သူ ကျိုရှန်းကို ဒီ့ထက်ကောင်းသော ဇာတ်ကောင်နေရာ ဖန်တီးပေးနိုင်သည်။ အလုပ်ခရီး၌ ပိုကောင်း ပိုချောမွေ့သော လမ်းခင်းပေးနိုင်သည်။ နောက်ဆုံးနဲ့ အရေးကြီးဆုံးအချက်က သူ့လူကို လန်မျိုးနွယ်နဲ့ ရုပ်ရှင်တစ်ကားထဲမှာ သရုပ်ဆောင်ခွင့် မပြုနိုင်။ ကျိုရှန်းကို လူတွေ ကြည့်တာကိုတောင် သူမုန်းသည်၊ တပ်မက်နေတာကိုဆိုရင်တော့ ပြောမနေနဲ့တော့။

လူစားထိုးသရုပ်ဆောင် (Completed)Where stories live. Discover now