Ch 37 အိမ်ထဲ၌ ဖမ်းထားခြင်း

10.3K 714 28
                                    

For Unicode

ကျိုရှန်း ၏ အသက်ရှူသံသည် မတည်မငြိမ်ဖြစ်လာပြီး သူ့ရင်ဘတ်သည် မို့လိုက် ပိန်လိုက်။ သူ့ရှေ့ကလူကို လှမ်းကြည့်လိုက်တော့ ဟန်ပန်က သူစိမ်းဆန်ဆန်။
"ယန်မင်ရှို့ ငါ့အတွက် ဒီဇာတ်ရုပ်က ဘယ်လောက်အရေးကြီးလဲ မင်းသိလား.... ငါ ဝမ်ယုတုန် ကို ထိပါးလိုက်ပြီးပြီကွ... ဖျော်ဖြေရေး အသိုင်းအဝိုင်းမှာ ငါ့အတွက် နေရာမရှိ‌ေတာ့ဘူး.... ငါ့အတွက် ဒါက အလောင်းအစားလုပ်လိုက်သလိုပဲ... ဒီအတားအဆီးကို ငါကိုယ်တိုင် ကျော်ဖြတ်နိုင်မှ ဒီလုပ်ငန်းမှာ ငါ ခြေချလို့ရမှာ"

ယန်မင်ရှို့ က သူ့စိုးရိမ်စိတ်တွေကို နှလုံးသားထဲ ထည့်မထား။ ဖျော်ဖြေရေးလောကမှ ကျိုရှန်းနုတ်ထွက်ရန် ဒီထက်ပို မစောင့်နိုင်တော့ပေ။ ကျိုရှန်း ကဲ့သို့သော ဇာတ်ကောင်ငယ်လေး ပျောက်ဆုံးသွားခြင်းသည် မည်သူတစ်ဦးတစ်ယောက်အတွက်မျှ ကြီးမားသော ဆုံးရှုံးမှုတစ်ခု မဟုတ်ပေ။ သို့သော် သူ့အတွက်၊ ကျိုရှန်း သည် လန်ရှီရုံ နှင့် ပေါင်းသင်းခြင်းမျိုး မရှိတော့ကြောင်း သေချာစေနိုင်သည်။ ကျိုရှန်း ကို supportဖို့က သူ့အတွက် ကြီးကြီးမားမား ကိစ္စမဟုတ်။

ယန်မင်ရှို့ က ဖုန်းကို ဆိုဖာပေါ်ပစ်ချလိုက်ပြီး ဘာမှပြန်မပြောတော့ဘဲ
"ခင်ဗျားးကိုယ့်ကိုကိုယ် ပိုအထင်ကြီးနေတာ မင်း တုတ်ကော ရဲ့ဇာတ်‌ေကာင်ကို မင်းဘာလို့ထင်နေတာလဲ.... ဒီဇာတ်ကားထွက်လာရင် အကျိုးအမြတ်တောင် ရမှာမဟုတ်ဘူ... မင်းကိုယ်မင်း ထူထောင်နိုင်မှာလား.. ပိုလို့တောင် စိတ်ဓာတ်ကျပြီးရင်း ကျလာဦးမယ်။"

ကျိုရှန်း က လှောင်ပြောင်ရင်း
"မင်းမျက်လုံးထဲမှာ ဝမ်ယုတုန် က ဘုရားသခင်ပဲ... ဒါပေမယ့် ငါ‌ေတွးထားတာ အဲ့လို မဟုတ်ဘူး... ငါ ဒီဇာတ်ရုပ်ကို သရုပ်ဆောင်နိုင်တာဖြစ်ဖြစ် သရုပ်မဆောင်နိုင်တာဖြစ်ဖြစ်
မင်းဆုံးဖြတ်စရာ မလိုဘူး.... မင်း ငါ့ကို တားပိုင်ခွင့်မရှိဘူး"

ယန်မင်ရှို့ က သူ့ကို ပြင်းပြင်းထန်ထန် ကြည့်ပြီး
"ခင်ဗျား ဒီကနေ ထွက်သွားနိုင်မလား စမ်းကြည့်ကြတာပေါ့ ...ခင်ဗ‌ျား လှုပ်ရဲ လှုပ်ကြည့်.. ကြိုးနဲ့ချည်ထားပစ်မယ် ခင်ဗျား မသွားရဘူး"

လူစားထိုးသရုပ်ဆောင် (Completed)Where stories live. Discover now