Ch 45 အမြွှာလေးတွေ အကြောင်း မင်းဘယ်လိုသိလဲ

9K 697 5
                                    

For Unicode

ယန်မင်ရှို့ အံသွားကြိတ်လုနီးပါး
"မင်းနာမည်က ကျိုရှန်း ဟုတ်လား ?"

ကျိုရှန်း ဟူသောအမည်သည် အမှန်တကယ်တွင် အလွန်အသုံးများသော နာမည်ဖြစ်သည်။ အဲဒါနဲ့ ပတ်သက်ပြီး ဘာမှ ထူးထူးခြားခြား မရှိပါဘူး။ ဒါပေမယ့် သူ့ရှေ့က ဒီလူက သူတစ်ခါမှ မခံစားဖူးတဲ့ ခံစားချက်တွေကို လှုံ့ဆော်ပေးသည်။ သူစိမ်းတစ်ယောက်ကို ဘာကြောင့် ဒီလောက် အာရုံစိုက်ရသလဲဆိုတာကို သူမရှင်းပြနိုင်ခင်မှာပဲ  ဒီလူရဲ့နာမည်က 'ကျိုရှန်း'  တဲ့လား။ သူ့ကို ကျိုရှန်း လို့လည်း နာမည်ပေးထားပြန်တာတဲ့လေ

'ကျိုရှန်း' ဟူသော စကားလုံးနှစ်လုံးသည် သူ၏နှလုံးသားကို ပြင်းထန်စွာ နာကျင်စေမည့် ကျိန်စာတစ်ခုလိုပင်။ ဘာလို့ ဒီလူကို ကျိုရှန်း လို့ခေါ်တာလဲ။ ဘုရားသခင်က သူကို ကျီစယ်နေတာလား

ကျိုရှန်း သည် ယန်မင်ရှို့ အနားမှဖြတ်သွားကာ republic ခေတ် ဒရာမာကို ရိုက်ကူးသည့် ဇာတ်ကွက်ဆီသို့ အမြန်ပြေးသွားခဲ့သည်။ လှည့်မကြည့်ဘဲ ခပ်မြန်မြန်ပြေးကာ သူ့အား စိတ်မငြိမ်မသက်ဖြစ်စေသော ဤသူနှင့်အတူ သူ၏ လေးလံသော စိတ်နှလုံးကို နောက်ကွယ်တွင် ထားခဲ့ရန် ကြိုးစားသည်။ အားလုံးကို သူ့နောက်မှာ လုံးဝချန်ထားခဲ့လိုက်ပါသည်။

ယန်မင်ရှို့ သည်  သူ့ခန္ဓာကိုယ်က လုံးဝ မလှုပ်ရှားဘဲ မိနစ်အနည်းငယ်ကြာသည်အထိ တောင့်တောင့်ကြီး ဖြစ်နေလျက်။

သူ့လက်ထောက်က သူ့ကို စိုးရိမ်တကြီး ကြည့်နေသော်လည်း နားမလည်နိုင်အောင် ဖြစ်နေသည်။

ယန်မင်ရှို့ က
"သူ့အကြောင်းသွားစုံစမ်း... အသေးစိတ်ကအစ စုံစမ်း"

ကျိုရှန်း ၏ အခန်းသည် ဤဒရာမာအတွက် အလွန်ရိုးရှင်း၏။ ဇာတ်လိုက်က သူ့အချစ်တွေကို ဖော်ပြရာတွင် ကူညီပေးသော အတန်းဖော်တစ်ဦးအဖြစ်သာ သရုပ်ဆောင်ခဲ့ရပါသည်။ ဇာတ်ဆောင်သည် မိန်းကလေးအပေါ် သူ၏ချစ်ခြင်းမေတ္တာကို ထုတ်ဖော်ပြသရန် အတတ်နိုင်ဆုံးကြိုးစားသောအခါတွင် သူ၏အခန်းသည် အကြံဉာဏ်ပေးကာ စကားအနည်းငယ်ပြောရန်သာ။

လူစားထိုးသရုပ်ဆောင် (Completed)Where stories live. Discover now