Chapter 2 ချိုင့်ဝေနှင့် ပြန်လည်တွေ့ဆုံခြင်း

14.2K 967 11
                                    

For Zawgyi

ဆေးရုံနှစ်ရက်ဆက်တက်ပြီးတော့ ကျိုရှန်း ရုပ်ပိုင်းဆိုင်ရာအခြေအနေက အတော်ကောင်းလာပြီဖြစ်သည်။ ဆေးရုံမှာ တကယ်ကို ထပ်မနေချင်တော့။ ချန်ယင်းကို သူဆေးရုံကဆင်းချင်ကြောင်း နောက်တစ်ခါထပ်ပြောသည်။

ချန်ယင်းက သူဆေးရုံက ဆင်းလို့ ရမရ ဆရာဝန်ကို သွားမေးသောကြောင့် သူ့အခန်းထဲမှာ တစ်ယောက်ထဲ စောင့်ရင်း ကျန်ခဲ့သည်။ သူ့ဘေးကုတင်က အိပ်ပျော်နေသော အဘိုးအိုက ဘယ်တော့မှ နိုးမလာတော့တာလည်း ဖြစ်နိုင်သည်။ တစ်ခါတစ်လေ သူညဘက် အိပ်ဖို့ကြိုးစားရင်း သူ့ဘေးကုတင်က လူနာအကြောင်းကို ငြိမ်ငြိမ်လေး စဉ်းစားမိသည်။ တကဟ်တော့ အဘိုးအိုက တကယ်သနားဖို့ကောင်းပါသည်။

ထိုအချိန်မှပဲ အခန်းတံခါးပွင့်လာသည်။ ချန်ယင်းပြန်လာတာလို့ သူထင်လိုက်ပေမယ့် မမျှော်လင့်ပဲ အသက် လေးဆယ်အရွယ် လူတစ်ယောက် ၀င်လာသည်ကို တွေ့လိုက်ရသည်။ ထိုလူကို မြင်လိုက်တဲ့အချိန်မှာ ကျိုရှန်းတစ်ကိုယ်လုံး အေးခဲသွားသည်။

ချိုင့်ဝေ

ချိုင့်ဝေက သူ့ကိုမြင်တော့ မင်သက်သွားသည်။ ပြီးတော့ အံ့သြသွားသည်။
"မင်း... မင်း၊ မင်း သတိရပြီလား"

ကျိုရှန်း မျက်တောင် မြန်မြန်ခတ်လိုက်သည်။ သူက ချိုင့်ဝေထက်တောင် ပိုအံ့သြနေသေးသည်။ သတိရပြီး ရက်အနည်းငယ်အတွင်းမှာပင် အရင်က သူငယ်ချင်းနဲ့ ပြန်တွေ့မယ်လို့ မမျှော်လင့်ထားမိ။

ချိုင့်ဝေက ခြေလှမ်းအနည်းငဟ်လှမ်းကာ သူ့ဆီလျှောက်လာသည်။ သူ့ခမျာ ၀မ်းသာလွန်းလို့ မျက်နှာတွေ ရဲနေသည်။ သူက ကျိုရှန်း ပုခုံးကို ဆုပ်ကိုင်လိုက်ရာ သူ့လက်က အားများလွန်းလို့ ကျိုရှန်း ပုခုံးအနည်းငယ် နာနေသည်။ သူက ၀မ်းသာအားရ ပြောသည်။
"ညီလေး မင်းကတော့ အစ်ကို့ကိုသိမှာမဟုတ်ဘူး…  အစ်ကိုက မင်းကို သိတယ်"

သူက ကုတင်ဘေးရှိ အဘိုးကို ညွှန်ပြကာ
"ဒါက အကို့အဖေလေ…အဖေ ဒီမှာ လဲနေတာ ခြောက်လတောင်ကျော်ပြီ… အကို ညီလေးကို အမြဲတွေ့တယ်.  အကို့အဖေက ဒီအရွယ်တောင် ရောက်နေပြီမို့ သတိလစ်ပြီး လဲနေတာ ထားပါတော့. ငါ့ညီက အရမ်းကို ငယ်သေးတယ်လေ… မင်းသာ တစ်သက်လုံး ဒီလိုပဲ လဲနေတော့မယ်ဆိုရင် မင်းအမေ ဘ၀ကတော့ သွားပြီ… မင်း ပြန် သတိရလာမယ်လို့ မထင်ထားဘူး… ကောင်းတယ်… ကောင်းတယ်…"
သူ ၀မ်းသာအားရ ပြုံးကာ ကျိုရှန်းရဲ့ ပုခုံးကိုရိုက်ရင်း ပြောသည်။

လူစားထိုးသရုပ်ဆောင် (Completed)Where stories live. Discover now