Ch 109 သူနှင့်သာ သက်ဆုံးတိုင်

12.7K 775 17
                                    

ကျိုရှန်း ကိုယ်ပေါ် ရှိ အဝတ်များသည် ဆောင်းရာသီဥတုနှင့်မသင့်တော်။ ခဏကြာသောအခါ သူ့ခန္ဓာကိုယ်တစ်ခုလုံးတုန်ခါလာကာ နှုတ်ခမ်းများ ပြာတက်လာသည်။ ယန်မင်ရှို့ကကားထဲသို့ သူ့ကိုဆွဲသွင်းလိုက်ပြီး နှာခေါင်းသံဖြင့်ပြောလာသည်။
“ ပါးပါးလေးဝတ်ပြီး ဘယ်လိုများ အောက်ဆင်းလာတာလဲ"

ကျိုရှန်း သည် အနည်းငယ်ရှက်ရွံ့စွာဖြင့်
“ နှင်းကျနေတဲ့အချိန်ဆို သိပ်မအေးဘူးဆိုတာ ကြားဖူးလို့

"အဓိပ္ပါယ်မရှိတာ ဘာပဲဖြစ်ဖြစ် အပူချိန်က သုညရဲ့အောက်မှာရှိနေတာကို"
ယန်မင်ရှို့ကားရဲ့အပူပေးစက်ကို အမြင့်ဆုံးသို့ပြောင်းလိုက်သည်။ သူသည် ကျိုရှန်း ၏မျက်နှာကို အေးခဲနေသောလက်ချောင်းများဖြင့် ဂရုတစိုက် ထွေးပွေ့ထားပြီး အငိုမျက်လုံး အပြုံးမျက်နှာကို ပြသနေလေသည်။ ဒါပေမယ့် သူကဒီထူးဆန်းတဲ့ဖော်ပြချက်ကို ပြသရင်တောင် သူကလူတွေကိုအဆုံးမသတ် ထိမိစေနိုင်တယ်လို့ခံစားခဲ့ရသည်

ကျိုရှန်း ကရှက်ရွံ့မိ၍ ခေါင်းကိုဘေးသို့ လှည့်လိုက်သည်။

ယန်မင်ရှို့က သူ့မေးစေ့ကို ပင့်လိုက်ပြီး သူတို့၏ နှုတ်ခမ်းများကို ထိတွေ့လိုက်ကာ ညင်သာစွာ အနမ်းပေးလိုက်သည်။

နီးကပ်စွာရှိနေသော ယန်မင်ရှို့ မျက်ခမ်းစပ်များကို ကျိုရှန်း ကြည့်လိုက်ရာ လှုပ်ခတ်နေသော အတောင်ပံလေးများလို အထူးသဖြင့် ညှို့ယူဖမ်းစားနေလေသည်

ယန်မင်ရှို့က မျက်စပစ်ပြကာ
"ရှန်းကော ဒီည ဒီမှာနေမယ်နော် "(ကျိုရှန်း အခန်း)

ကျိုရှန်း မှာ ယခုအချိန်အထိ ကိုးရို့ကားရားဆန်နေသလိုပင်
"မရပါဘူး မင်းအစ်ကိုနဲ့ပြန်လိုက်သွားချည်"

"ကောရော ပြန်လိုက်မှာလား"
ယန်မင်ရှို့က သူ့မျက်လုံးများကို တည့်တည့်ကြည့်နေသည် သူ့မျက်ဝန်းထဲ မျှော်လင့်ချက်များ ပြည့်နှက်လျက်

ကျိုရှန်း ကခေါင်းညိတ်လိုက်ပြီးမှ ခေါင်းခါပြသည်
"လိုက်လို့မရဘူး ငါ့အမေကိုစောင့်ရှောက်ရဦးမယ်။ "

ယန်မင်ရှို့ က ညည်းတွားသည်။
"ကျွန်တော်တို့အတူတူနေလို့ရတာပဲကို…   စန်းဟွမ်က အိမ်ကိုပြောင်းနေမယ်… ကောနဲ့အတူတူ သူ့ကို ဂရုစိုက်မယ်လေ"

လူစားထိုးသရုပ်ဆောင် (Completed)Where stories live. Discover now