Ch 44 ကျွန်တော့နာမည် ကျိုရှန်း

9.3K 717 10
                                    

For Unicode

ထိုအချိန်တွင် ကျိုရှန်း ၏နှလုံးသားထဲတွင် ခံစားချက်မျိုးစုံ ပေါ်ပေါက်လာသည်။

သူက ရယ်ချင်လာသလိူ ငိုလည်း ငိုချင်လာသည်။ စားပွဲကိုလှန်ပြီး နံရံကို ကန်ပစ်လိုက်ချင်ပါ၏။

ဝမ်ယုတုန်... အဲဒီ ဝမ်ယုတုန် ပဲ စတန့်သမား ... စတန့်သမား ထပ်ပြီး‌ေတာ့လား။

သူ ကျိန်စာတိုက်ခံ‌ေနရတာပဲ။ ဘဝအသစ်နဲ့တောင်  ဝမ်ယုတုန် ၏အရိပ်ကို မဖယ်ရှားနိုင်သေး။ ဤကျိန်စာသည် သူ၏ခန္ဓာကိုယ်နှင့် ဘာမှမဆိုင်ဘဲ သူ့စိတ်ဝိညာဉ်အပေါ်တွင် တံဆိပ်ကပ်ခံရ‌ေနသလို။

သူ ဝမ်ယုတုန်ကို မုန်းတယ် ရုပ်ရှင်တွေမှာပဲဖြစ်ဖြစ် အပြင်မှာပဲဖြစ်ဖြစ် ဝမ်ယုတုန် ရဲ့ အစားထိုးခံရတာကို မုန်းတယ်

သူ့ကို ဘုရားသခင်က စမ်းသပ်နေတုန်းလား။ မမြင်နိုင်သော အရာတစ်ခုက သူ့ကို ရှေ့သို့ ဆွဲငင်ကာ ထွက်ပြေးရန် မဖြစ်နိုင်တော့ပေ။ လေးလံသော အတားအဆီးများဖြင့် ဝန်းရံထားပြီး အသက်မရှူနိုင်ဟု သူခံစားမိသည်။

သူက အသက်ပြင်းပြင်းရှူပြီး အတင်းပြုံးပြပြီး "ဟုတ်ပါတယ်... သူဘယ်သူလဲဆိုတာ ကျွန်တော်သိပါတယ် ... ကျန်းကျဲ.. ကျေးဇူးအများကြီးတင်ပါတယ်"

ကျန်းကျဲ ကလည်း
"ကျေးဇူးတင်စရာမလိုပါဘူး.... ဒါက နှစ်ဖက်လုံးအတွက် ကောင်းတာပဲကို"
  ကျိုရှန်း က သေချာပေါက် သဘောတူလိမ့်မည်ဟု သူထင်မိသည်။ ဝမ်ယုတုန် ကဲ့သို့ စူပါစတားတစ်ယောက်၏ စတန့်သမားဖြစ်ရခြင်းအတွက် ပိုက်ဆံအများကြီးရ မရဆိုတာ ထည့်မတွက်နဲ့ဉီး လူများစွာသည် ထိုအခွင့်အရေးကို အပြင်းအထန် ပြိုင်ကြလိမ့်မည်။ ဇာတ်ကားထဲမှာ သူတို့ရဲ့မျက်နှာတွေကို ထုတ်ဖော်မပြရရင်တောင် ဝမ်ယုတုန် ရဲ့ ရိုက်ကူးရေးအဖွဲ့မှာ ပါဝင်ခွင့်ရပြီး လူအနည်းငယ်နဲ့ သိခွင့်ရဖို့ ဒါမှမဟုတ် ပရိုမိုးရှင်းအတွက် ညွှန်ပြချက်အနည်းငယ်ကို ပေါ့ပေါ့ပါးပါးရနိုင်တာက လူတိုင်းအတွက် အခွင့်အရေးကောင်းတစ်ခုပါပဲ။ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှု။ ဒါက ရွှေအခွင့်အရေး။ ကျိုရှန်း သည် တောက်တိုမယ်ရ အဆင့်သာ။ သူ ဘယ်လို ငြင်းနိုင်ပါ့မလဲ။

လူစားထိုးသရုပ်ဆောင် (Completed)Where stories live. Discover now