Ch 61 အိမ်သစ်တစ်လုံး ရှာဖွေခြင်း

8.2K 665 15
                                    

For Unicode

နောက်တစ်နေ့မနက်မှာတော့ ကျန်းယွမ် က သူ့အတွက် ပြင်ဆင်ထားတဲ့ ကွန်ဒိုကို ကြည့်ဖို့ လာ‌ ခေါ်၏။ အရာအားလုံး ဒီလိုဖြစ်သွားတာကို သူ့ဘက်က မအံ့ဩသလို လေသံကလည်း ထူးခြားမှုမရှိ။

အနုပညာနယ်ပယ်က တနေ့တနေ့ ဖြစ်လိုက်တဲ့ ကိစ္စပေါင်းစုံဆိုတာ ရေလို့တောင် မနိုင်ဘူး ကျန်းယွမ်မပြောနဲ့ ကျိုရှန်းလိုလူတောင် ဒါကို နားလည်၏။ ကျိုရှန်းကလည်း အေးဆေးပင် ကားပေါ်တွင် ကျန်းယွမ်နဲ့ စကားပြောတာတောင် အရင်လိုပဲ ။

ကျန်းယွမ် သည် သူ့စိတ်ထဲတွင် ထိုသို့သော အတွေးများကို ရေရွတ်မိခြင်းကြောင့် အပြစ်ရှိသလို ခံစားရသည်။ ဒီလူက တကယ် အသစ်စက်စက်လို မဟုတ်ဘူးလို့ သူ ခံစားရ၏။ သူ (ကျိုရှန်း) က ဒါကို နည်းနည်းရှက်ပုံမပေါ်ဘူး။ ကျန်းယွမ် က ဒီလူက အဖြောင့်လား ဂေးလားဆိုတာ မသိပေမဲ့ ဒါက သူ့ကိစ္စမဟုတ်ဘူး။ သူ့ကိစ္စက အလုပ်ကို ကောင်းကောင်းမွန်မွန် လုပ်ပြီး လစဉ် လစာ ရဖို့ပဲ လိုသည်။

ယန်မင်ရှို့ အတွက် အံ့သြစရာတော့ မဟုတ်ပါဘူး၊ သူကိုယ်တိုင်သုံးဖို့ပဲဖြစ်ဖြစ် တခြားသူတွေကို လက်ဆောင်ပေးဖို့ပဲဖြစ်ဖြစ်၊ ဒါတွေအားလုံးက ကောင်းပါ၏။ မြို့လယ်ခေါင်တွင် တည်ရှိသော ဤကွန်ဒိုသည် စျေးကွက်တန်ဖိုး ယွမ်ငါးသန်းထက် မနည်းရှိသည်။ ကျိုရှန်း က သူ့ကို ဒီလောက် ရက်ရောဖို့ မမျှော်လင့်ထားဘူး။ ဒါမှမဟုတ် ဒါက ယန်မင်ရှို့ ရဲ့မျက်လုံးထဲမှာ ဘာမှမဟုတ်တာ ဖြစ်နိုင်တယ်။ ကွန်ဒိုတွင် နေထိုင်ရန် လိုအပ်သော ပစ္စည်းများ အားလုံးကို အပြီးအပိုင် ပြင်ဆင်ထားပြီး ဖြစ်သည်။ ဤနေရာသည် အခြေခံအားဖြင့် မည်သူမဆို နေထိုင်ရန် အသင့်ဖြစ်နေပါပြီ။

ကျန်းယွမ် က ရှင်းပြသည်
"မင်ရှို့ က သူ့အကိုကြီးအတွက် ဒီကွန်ဒိုကို အစက ပြင်ဆင်ထားခဲ့တာဆိုတော့ အစစအရာရာ အဆင်ပြေပါတယ်...  (မင်ရှို့ ရဲ့ အကိုကြီး) က မကြာခင်မှာ ပေကျင်းကို ပြန်ပြောင်းရတော့မှာမို့ မင်ရှို့ က သူ့အလုပ်နဲ့နီးတဲ့ ဒီကွန်ဒိုကို အထူးဝယ်ဖို့ ရွေးချယ်ခဲ့တာ.. ဒါပေမယ့် အခု မင်းကို ပေးလိုက်ပြီ.. မင်ရှို့ က မင်းကို ကောင်းကောင်း ဆကျဆံ‌ပေးတာပဲ။"

လူစားထိုးသရုပ်ဆောင် (Completed)Where stories live. Discover now