Ch 55 အရက်သောက်ထားသော ယန်မင်ရှို့၏ အနမ်း

9.2K 634 26
                                    

For Unicode

ပထမတော့ ယန်မင်ရှို့ က ကျိုရှန်း က သူ့ကို အရက်မူးစေချင်မှန်း မသိခဲ့ဘူး။ နောက်တစ်ခုက တစ်စုံတစ်ယောက်က ဒီလိုမျိုး လုပ်ဖို့ သတ္တိရှိရှိ ပြောင်ပြောင်တင်းတင်း ဖြစ်လိမ့်မယ်လို့ မထင်ထားမိတာလည်း ပါတာပေါ့

အဖြစ်အပျက်ကို သိလိုက်ရတော့ အရက်သုံးခွက်သောက်ပြီး မူးဝေ‌ေနပြီ‌ေလ။ သူ အရက်ကို ခံနိုင်ရည်ရှိပုံက အမှန်ပင် ဆိုးဆိုးရွားရွား။ အများအားဖြင့်တော့ သူ သိပ်မသောက်တတ်

ယန်မင်ရှို့ က အာလေးလျှာလေးဖြင့်
"ဘာလုပ်နေတာလဲ... ငါ့ကို မူးစေချင်‌ေနတာလား"

ကျိုရှန်း က ပြုံးပြီး
"သူဌေးယန် အများကြီးမတွေးပါနဲ့... အားလုံး သောက်ပြီး ပျော်နေကြပြီ .. သူဌေးတကယ် မသောက်ချင်ဘူးဆိုရင်လည်း ရပါတယ်.. ဒါပေမယ့် သူ‌ဌေးက ကလည်းမကချင် သီချင်းလည်း မဆိုချင်ဘူး . .. ဒီမှာထိုင်နေရတာ ပျင်းဖို့ကောင်းတယ်‌ေလ... အဲ့ဒါကြောင့် သူဌေးနဲ့ လာသောက်ပေးတာ"

ဝန်ထမ်းတစ်ဦးသည် အရက်အလွန်အကျွံသောက်ပြီး ငိုသံဖြင့် သီချင်းဆိုကာ အဆုံးသတ်ခဲ့သည်။ တချို့သူ‌ေတွကလည်း ကောင်မလေးတွေနား အရက်မူးပြီး ရောသောဖောသော။ မာန်မာနတွေ မရှိ။ ယောက်ဖပါနေသော ဝမ်ယုတုန်တယောက်သာ ကောင်မလေးတွေနဲ့ စကားမပြော။ အဲဒီအစား သူနဲ့ ဒါရိုက်တာ ကျောက် နဲ့ တခြားသူတွေက အရက်သောက်ဖို့ ပြိုင်ကြ၏။

ယန်မင်ရှို့ သည် ဤအရာများကို အမှန်တကယ် စိတ်မဝင်စားပါ။ အဲဒီအစား ကျိုရှန်း လုပ်ချင်တာကို သူကြည့်နေ၏
"မင်းငါ့ကို အရက်တိုက်ပြီးရင် မင်းဘာလုပ်‌ေပးမှာလဲ...  ငါမင်းကိုပြောမယ် ငါက အရက်သိပ်မ‌ေသာက်နိုင်ဘူး... နောက်နေ့ အိပ်ရာကနိုးရင် မင်းကို အကြွေးပြန်ဆပ်မယ်" “

ကျိုရှန်း က ပေါ့ပေါ့ပါးပါး ပြုံးလိုက်ပြီး
"သူဌေးနိုးလာတဲ့အခါ သူဌေးယန် ကျွန်တော့ကို မေ့သွားလိမ့်မယ်... ကျွန်တော်က ဘယ်သူမှ မှတ်မိဖို့ မထိုက်တန်ဘူး"
ယန်မင်ရှို့ အရက်အလွန်အကျွံသောက်ခြင်းကြောင့် ဖြစ်ကောင်းဖြစ်နိုင်သလို သူ (ကျိုရှန်း) ကိုယ်တိုင်လည်း အလွန်အကျွံသောက်တာကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ကျိုရှန်း ရဲ့ အတွေးတွေက ရဲရင့်လာပြီး ပုံမှန်သတိထားမှုကိုတောင် မေ့ပျောက်လုနီးပါးဖြစ်နေသည်

လူစားထိုးသရုပ်ဆောင် (Completed)Where stories live. Discover now