Ch 50 အဖမ်းခံရခါနီး

7.9K 625 14
                                    

For Unicode

ကျိုရှန်း ထိုအသံကိုကြားသောအခါ၊ သူ့ခန္ဓာကိုယ်ပေါ်ရှိ အမွေးများက ငေါက်ခနဲ ....သူဘယ်လိုဖြစ်နိုင်မှာလဲ!

သူနှင့် ယန်မင်ရှို့ မှလွဲ၍ ကျန်သော့ကို သူဘယ်မှာထားမှန်းမသိသော အခြားတစ်ယောက်ရှိနေသည်ကို သူချက်ချင်းသတိရလိုက်သည်။ အဲ့တုန်းက သူနဲ့အရမ်းခင်ပြီး သူ့အိမ်လာလေ့ရှိသူ  လန်ရှီရုံ

တစ်ချိန်က ကျိုရှန်း က အိမ်မှာမရှိလို့ အပြင်‌ေရာက်‌ေနချိန်  လန်ရှီရုံ က သူ့အိမ်ကို ရောက်လာတာကြောင့် ကျိုရှန်း က အပိုသော့တည်နေရာကို ပြောပြခဲ့ဖူးသည်။ ထိုအချိန်တွင် သူသည် လန်ရှီရုံ ကို ယုံကြည်ခဲ့ပြီး အိမ်တွင်လည်း အဖိုးတန်သောအရာမရှိ။ အဲ့တခါပဲ ပြောပြဖူးသည်။ထိုအချိန်မှစ၍ လန်ရှီရုံ ပြန်လာတိုင်း၊ သူသည် အမြဲအိမ်တွင် ရှိနေသောကြောင့် ဤကိစ္စကို မေ့သွားသည်မှာ ကြာပြီ။

ဒီထူးဆန်းသောအချိန်တွင် လန်ရှီရုံ နှင့်တွေ့ပြီးသည့်တိုင်အောင် သူရုတ်တရက် သတိရသွားသည် ။

ဘာလုပ်ရမလဲ?!!

လန်ရှီရုံ သည် ဧည့်ခန်းရှိ မီးများကို အမြန်ဖွင့်လိုက်သည်။ သူခံစားမိတာက အိမ်ထဲ သူခိုးရှိနေသည်။ သေချာတာပေါ့ ဦးထုပ်၊ နေကာမျက်မှန်နဲ့ မျက်နှာဖုံးစွပ်ထားတဲ့ အမျိုးသားတစ်ယောက် ကြမ်းပြင်ပေါ်လဲနေသည်။ သူဘေးတွင် ယွမ်ငွေတစ်ရာနဲ့ ဘေပေါင်းများစွာ ပြန့်ကျဲလျက်။

လန်ရှီရုံ က ဒေါသတကြီးအော်လိုက်ပြီး
"မင်းဒီမှာ ပစ္စည်းခိုးရဲတယ်‌ေပါ့ ..သတ္တိရှိလိုက်တာ!"
သူ ရှေ့သို့ပြေးကာ  ကျိုရှန်း မလှုပ်ရှားနိုင်ခင် ခြေသလုံးကြွက်သားပေါ်သို့ အလျင်အမြန် တက်နင်းလိူက်သည်။

ကျိုရှန်း က ညည်းညူလိုက်သည်။ နာကျင်လွန်းလို့ မျက်ရည်ကျလုမတတ်။

လန်ရှီရုံ သည် ငုံ့ကာ လှမ်းဆွဲသည်။  ကျိုရှန်း သည် သူ့အနောက်တွင် အိုးရှင်းအပင်တစ်ပင်ရှိနေသည်ကို သတိရသဖြင့် သူသည် နောက်သို့ ချဉ်းကပ်ကာ အိုးထဲမှ မြေတစ်ဆုပ်စာကို ဆွဲယူကာ လန်ရှီရုံ ၏ မျက်နှာဆီသို့ လှန်းပက်လိုက်သည်။

လူစားထိုးသရုပ်ဆောင် (Completed)Where stories live. Discover now