ကုဖုန်းဟာ ကြောင်အိမ်ထဲက အာလူးကြော်ထုပ်ကို ပါးစပ်နဲ့ကိုက်ချီပြီးယူလာတဲ့ ပိန်းဥလေးကို လိုက်ကြည့်နေတယ်။ အဲ့ဒီအာလူးကြော်ထုပ်ကို တန်ဖိုးထားရတဲ့ရတနာလေးလို သူက ကုပိစိဘေးမှာချလိုက်ပြီး ပိစိလေးကို သူ့ရဲ့အမွှေးနုလေးတွေနဲ့ ဖွဖွပွတ်ကာ ပါးစပ်ကလည်း တမြောင်မြောင်နဲ့ စကားတွေ ဆိုနေတယ် ။

ကုပိစိက မျက်လုံးလေးတွေဝိုင်းပြီး သူ့ကို စူးစူးစမ်းစမ်းကြည့်လာတဲ့အခါ တအင်အင်နဲ့ ကျေနပ်သံလေးထုတ်လို့ ။

ကုဖုန်းဟာ ကလေးလေးနဲ့ ကြောက်နက်လေးတစ်ကောင်ရဲ့ ကြည်နူးလိုက်ဖက်နေတဲ့မြင်ကွင်းကိုကြည့်ပြီး သူ့ခေါင်းကို အကူအညီမဲ့စွာ ခါရမ်းမိတယ်။ ထို့နောက် သူတို့ထံ လှမ်းသွားတာ အားလူးကြော်ထုပ်ကို ခပ်ဝေးဝေးပို့လိုက်တယ်။

သိပ်မကြာခင်မှာပဲ မီးဖိုချောင်ထဲမှ ယုပေါ်ယွင်ထွက်လာပြီး ကုဖုန်းကိုမြင်တော့ မျက်ခုံးလေးပင့်ကာ မေးလေတယ် ။

" နိုးပြီလား "

" နိုးပြီ "

ကုဖုန်းက ယုပေါ်ယွင်ကို စိုက်ကြည့်ကာ

" ဒီနေ့ ဘာလို့ အစောကြီး ထရတာလဲ "

" နောက်ရက်အနည်းငယ်ကျရင် ဒေါက်တာပိုင်နဲ့ စီအီးအို မန့်လုံရဲ့ စေ့စပ်ပွဲရှိတယ်လေ .. အဲ့ဒါ သူတို့ လိုအပ်တာလေးတွေ ကူပြီးလိုက်ဝယ်ပေးမလို့ "

ယုပေါ်ယွင်က အစုံစားသတ္တဝါလေး ကိုရွှေပိန်းဥရဲ့ ပန်းကန်ကို ပိန်းဥလေးရှေ့ချပေးတယ် ။

" ကလေး ကျွန်တော့်ကို ပေး .. ကျွန်တော် သူ့အတွက် နို့ဗူးဖျော်လာတယ် "

ကုဖုန်းက ယုပေါ်ယွင်ထံ ကလေးလွှဲပေးလိုက်တယ် ။ ပြီးတော့ မနက်စောစောထပြီး ယုပေါ်ယွင်ကိုယ်တိုင်ပြင်ပေးထားတဲ့ မနက်စာကို အခန့်သားစားနေတဲ့ ပိန်းဥလေးရယ် ၊ ယုပေါ်ယွင်လက်ထဲမှာ အလိုက်သင့်လေးလှဲပြီး ယုပေါ်ယွင်ကိုယ်တိုင်ဖျော်တဲ့ နို့ဗူးကို တပြွတ်ပြတ်စို့နေတဲ့ ကုပေါက်စရယ်ကိုကြည့်ပြီး သူ့ရှေ့မှောက်ကို ပြန်ကြည့်တယ် ။ သူ့ရှေ့မှာတော့ ဘာဆိုဘာမှမရှိဘဲ ဗလာကျင်းလျက်လေ။

Big Bossရဲ့ ကိုယ်ဝန်လွယ်ထားရပြီ (Book 2)Where stories live. Discover now