လုရန်က လုရန်းရဲ့ ဆိုလိုရင်းကို နားလည်သွားပြီး မချိုမချဉ်အပြုံးလေးနဲ့ လုရန်းကိုကြည့်ကာ ဆိုဖာပေါ်က ခေါင်းအုံးနဲ့ ဖွဖွလေး ပစ်ပေါက်လိုက်တယ် ။

------------------------

ကုဖုန်းနိုးလာဝောာ့ သူ့နံဘေးက တစ်ယောက်သောသူ အိပ်စက်ရာနေရာလေးက ဟာလာဟင်းလင်း ။ မနေ့ညတုန်းက ချစ်ရသူကို ရင်ခွင်ထဲမှာ ထွေးဖက်ပြီး သူ့ရဲ့ ရင်ခုန်သံလေးကိုနားထောင် ၊ အသက်ရှူသံမျှင်းမျှင်းလေးနဲ့ ခပ်နွေးနွေး ကိုယ်အပူချိန်လေးကို ခံစားပြီး ရင်းနှီးကျွမ်းဝင်လှတဲ့ ယစ်မူးဖွယ်ကိုယ်သင်းနံ့လေးကို အသာရှုရှိုက်ကာ သူ့ရဲ့တစ်ညတာက အရမ်း အရမ်းကို ချမ်းမြေ့မှုတွေအပြည့်ဖြစ်ခဲ့တယ် ။ သူ့နှလုံးအိမ်တစ်ခုလုံးလည်း တသိမ့်သိမ့် တငြိမ့်ငြိမ့်နဲ့ သာမန်ထက်လွန်ကဲစွာ နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်မောကျသွားခဲ့ရတယ် ။ ချစ်ရသူထသွားတာတောင် မသိလိုက်တဲ့အထိ ။

သူက ဟိုဒီလှည့်ပတ်ကြည့်ပြီး ကန့်လန့်ကာကိုဖောက်ဝင်လာတဲ့ မနက်ခင်းနေခြည် နုထွေးထွေးလေးကြားမှာ သက်ပြင်းမောကြီး ချလိုက်တယ် ။

"ပေါ်ယွင် "
ကုဖုန်း အော်ခေါ်နေဆဲ ။
" ပေါ်ယွင်ရေ "

" ခင်ဗျား ဘာလုပ်မလို့လဲ "

အပြင်ဘက်မှ ယုပေါ်ယွင်အသံက ပိတ်ထားတဲ့တံခါးကိုဖြတ်ကာ ဝင်ရောက်လာတယ် ။

ယုပေါ်ယွင် အိပ်ခန်းအပြင်ဘက်မှာရှိနေကြောင်း သိလိုက်ရမှပဲ ကုဖုန်း စိတ်ငြိမ်သွားတော့တယ် ။ သူ အိပ်ရာမှထကာ ရေချိုးပြီးနောက် အဝတ်လဲခန်းထဲမှာ သမားရိုးကျဝတ်စုံတစ်စုံထုတ်ဝတ်ပြီး အပြင်ထွက်လာခဲ့တယ် ။

ယုပေါ်ယွင်တစ်ယောက်ကတော့ မီးဖိုချောင်မှာ ဗျာများလို့ ။

ကုကျားယွဲ့လေးကတော့ ဆိုဖာအသေးလေးတစ်လုံးပေါ်မှာ ပက်လက်ကလေး ။ လက်ကားယား ခြေကားယားလေးနဲ့ အလွန်ပင် ချစ်စဖွယ် ။

ပိန်းဥလေးကတော့ ဒီလူသေးသေးလေးကို အထူးတလည် သဘောကျနေပုံပဲ ။ အရင်က စိတ်ခံစားမှုမဲ့နေတတ်တဲ့ ကြောင်လေးဟာ ကုပိစိလေးကို တွေ့ပြီးနောက်ပိုင်း စိတ်အားထက်သန်ကာ တက်ကြွတဲ့ကြက်ဖလေးဖြစ်နေပြီ ။ ကော်ဖီစားပွဲပေါ်ကနေ ဆိုဖာအသေးလေးပေါ် ‌ခုန်ကျော်တက်ပြီး အခန်းငယ်လေးထဲက ကုပိစိရဲ့ အမျိုးမျိုးသော အကောင်းစား ကစားစရာလေးတွေကို ပါးစပ်နဲ့ကိုက်ချီ၍တစ်မျိုး ၊ လက်ကလေးနဲ့ ပုတ်၍တစ်ဖုံ ယူ‌လာပြီး လူပိစိလေးနားမှာ စုပုံချပေးထားတယ် ။

Big Bossရဲ့ ကိုယ်ဝန်လွယ်ထားရပြီ (Book 2)Where stories live. Discover now