" ဟုတ်တယ် ..ယွဲ့ယွဲ့လေးက ကိုယ်နဲ့ ကစားချင်နေတာလေ .. ကိုယ့်ကို ငြင်းတောင်မငြင်းဘူး "

ကုဖုန်းက လျှာအရိုးမရှိစွာ လိမ်ပြောလိုက်တယ် ။

ကုပေါက်လေးဟာ သူ့အဖေ ကုပေါက်ကြီးရဲ့ ပလီပလာစကားတွေကို ထပ်နားမထောင်နိုင်ရှာတော့ဘူး ။ ပုခက်ထဲမှာအိပ်နေလျက်က လက်ကလေးတွေ ဟိုဒီရမ်းရင်း ဝါးခနဲ ထငိုလေတော့တယ် ။

ကျေးဇူးရှင်လေးကို ချော့သိပ်ပြီးနောက် ယုပေါ်ယွင် ခါးဆန့်ကာ အိပ်ရာပေါ် ပစ်လှဲချလိုက်တယ် ။

ကုဖုန်းလည်း ယုပေါ်ယွင်နံဘေးမှာ ဝင်လှဲရင်း လက်ဆန့်ကာ ထိုလူသားလေးကို သူ့ဘက်ဆွဲပြီး မေးတယ် ။

" ပင်ပန်းနေပြီလား "

" နည်းနည်း "

ယုပေါ်ယွင် သမ်းဝေကာ ဆိုတယ် ။

ကုဖုန်း ခေါင်းညိတ်ကာ ယုပေါ်ယွင်ကိုဖက်ပြီး နွေးထွေးတဲ့ အိပ်ရာထဲမှာ တူယှဉ်ကာ လဲလျောင်းနေတယ် ။ ယုပေါ်ယွင်က အိပ်ချင်မူးတူးနဲ့ ခ‌ဏလောက် ရုန်းကန်ငြင်းဆန်ပြီးတဲ့နောက်မှာ အိပ်မောကျလို့သွားတယ် ။

ချစ်ရသူလေးရဲ့ အသက်ရှူသံတိုးတိုးလေးကို နားထောင်ပြီး ကုဖုန်းအတွက်တော့ ဒီညနေခင်းလေးဟာ အလွန်စိတ်ချမ်းမြေ့ဖွယ်ရာလို့တောင် ခံစားနေရတယ်။

.....

လုရန် အိပ်လို့မပျော်ဘူး ။ လုရန်း အိမ်ပြန်အလာကို တမျှော်တည်းမျှော်နေမိတယ် ။

သူက ပြတင်းပေါက်ဘောင်အစွန်းလေးကိုမှီပြီး အိပ်ချင်လွန်းလိုး မှေးစင်းကျလာနေတဲ့ မျက်ခွံတွေကို ကြိုးစားတောင့်ခံထားရတယ် ။ ရင်းနှီးနေတဲ့ကားလေး နှေးကွေးစွာ ချဉ်းကပ်လာတာတွေ့တဲ့အခါ အိပ်ချင်စိတ်တွေ လွင့်ပြယ်ပြီး နိုးကြားလာပုံနဲ့ မတ်မတ်ရပ်လိုက်တယ် ။

ခဏလောက်စောင့်ဆိုင်းပြီးနောက်မှာ ကော်ရီတာတလျှောက် လွင့်ပျံလာတဲ့ ဖိနပ်သံကို ကြားလိုက်တယ် ။လုရန် အလျင်အမြန်ပဲ တံခါးဆွဲဖွင့်တော့ ဝတ်စုံပြည့်ဝတ်ဆင်ထားတဲ့ ကျစ်လစ်တောင့်တင်းသောကိုယ်ဟန်ကို မြင်လိုက်ရတယ် ။

Big Bossရဲ့ ကိုယ်ဝန်လွယ်ထားရပြီ (Book 2)Nơi câu chuyện tồn tại. Hãy khám phá bây giờ