ကုဖုန်း ထိုလူကို တစ်ချက်ကြည့်တယ် ။ သူ့မျက်နှာထက်မှာ ပုံသွင်းထားတဲ့အပြုံးတစ်ပွင့်ရှိနေတယ် ။ ဒီလိုမျက်နှာအမူအရာမျိုးရဖို့အတွက် မှန်ရှေ့မှာ အကြိမ်ပေါင်းများစွာ လေ့ကျင့်ထားခဲ့ရမှာပဲ ။ အမျိုးသားကြယ်ပွင့်က နက်ပြာရောင် အနောက်တိုင်းဝတ်စုံ နဲ့ လည်သာရှူးကို စမတ်ကျကျ ဝတ်စားဆင်ယင်ထားပေမယ့် နားမလည်နိုင်တဲ့  လိုအင်ဆန္ဒအငွေ့အသက်တစ်ခုကိုတော့ ထုတ်ဖော်ထားတယ် ။

ကုဖုန်း စကားမပြောပေမယ့် မျက်လုံးတွေ ပိတ်လိုက်တယ် ။

ပါတီပွဲက လူတွေ ပိုပိုများလာတယ် ။ဥက္ကဌ‌ကောင်းက သိပ်ဂရုမစိုက်လှပေမယ့် ကုဖုန်းကတော့ မတူဘူး ။ သူက စီးပွားရေးလောကရဲ့ နာမည်ကြီးတစ်ယောက်ဖြစ်တာကြောင့် သူ့ကို ချဉ်းကပ်ချင်သူတွေ ၊ အကျိုးတူပူးပေါင်းချင်သူတွေက ဒု နဲ့ ဒေး ။ သူတို့က တစ်ယောက်ပြီးတစ်ယောက် လာနှုတ်ဆက်နေတာကြောင့် ကုဖုန်း အတော်လေး အလုပ်ရှုပ်နေရတယ် ။

ဥက္ကဌကောင်းက အခွင့်ကောင်းယူပြီး ကုဖုန်းဆီက အာရုံစိုက်မှုရရန်အတွက် ဆင်ကြံကြံတော့တယ် ။ သူက အမျိုးသားကြယ်ပွင့်ကို မကျေမနပ် ကြည့်လိုက်တယ် ။

နာမည်ကြီးအမျိုးသားကြယ်ပွင့်ရဲ့ ဖုန်းက တုန်ခါလာတယ် ။ သူ ဖုန်းဖွင့်ကြည့်တော့ WeChat ကနေ ကျုံးကောင်းပို့လိုက်တဲ့စာကို တွေ့ရတယ် ။ စာထဲမှာ ယမ်းမှုန့်အငွေ့အသက်တွေအပြည့်ပဲ ။

" ဥက္ကဌကုက မင်းကို အခွင့်အရေးလေးနည်းနည်းလောက် ပစ်ပေးလိုက်ရင်တောင် မင်း ဘယ်လောက်ထိ ပေါ်ပြူလာဖြစ်နိုင်လဲ မင်းသိလား ..သူနဲ့ တစ်ယောက်ချင်းတွေ့ရအောင် လုပ်ပေးတာတောင် မင်း သူ့ကို မဆွဲဆောင်နိုင်ဘူးပဲ ..အေး ကောင်းကောင်းမလုပ်နိုင်ရင်လည်း ထွက်သွားလိုက်တော့ ..သူ့ကို ဆွဲဆောင်နိုင်မယ့်လူကိုပဲ ရှာတော့တယ် "

အမျိုးသားသရုပ်ဆောင်က ဖုန်းကိုဖျစ်ညှစ်ပြီး နှလုံးသွေးတွေ တိုးသွားတယ် ။

ထိုအချိန်မှာ ကုဖုန်းက နေရာမှာပြန်ထိုင်နေပြီး လုပ်ငန်းရှင်တစ်ယောက်နဲ့ တိုးတက်လာတဲ့ပရောဂျက်တစ်ခုအကြောင်း ပြောနေတယ် ။ အမျိုးသားသရုပ်ဆောင်က ကုဖုန်းရဲ့ အလွန်အမင်း ခန့်ညားချောမောတဲ့မျက်နှာနဲ့ ကျစ်လစ်ကာကြံ့ခိုင်သန်စွမ်းတဲ့ ခန္ဓာကိုယ်ကိုကြည့်ပြီး ပါတီထဲက ဗိုက်ပူထိပ်ပြောင် အတ္တဘောသူဌေးတွေနဲ့ နှိုင်းယှဉ်‌မိတယ် ။

Big Bossရဲ့ ကိုယ်ဝန်လွယ်ထားရပြီ (Book 2)Where stories live. Discover now