သူ ပိုပိုတွေးလေလေ ပိုပိုဆီလျော်လာလေလေပဲ။ သူ့လည်ပင်းကို ချက်ချင်းမော့ကာ "မဟုတ်တာ မင်းတွေးနေတာတွေ လုံးဝမဟုတ်ဘူး။ မင်းအတွေးတွေ မှားနေပြီ!"

ငါလေးက အောက်ပုဂ္ဂိုလ်တဲ့လား? ဟုတ်မနေဘူး!

ဒီအချိန်မှာ ကုန်းစွင့်ဇီပိုင်တစ်ယောက် သူ့အိမ်က ကလေးတစ်သိုက်ကို မြင်နေရသလို ခံစားလိုက်ရတယ်။ သူတို့လေးတွေ ခေါင်းမာတဲ့အခါ ဒီပုံစံအတိုင်းပဲလေ။

နှလုံးသားလေး ‌နူးညံ့သွားသော ဇီပိုင်တစ်ယောက် ခပ်မြန်မြန် နှစ်သိမ့်ပေးလိုက်တယ် :: "ဟုတ်တာပေါ့ ငါ့အတွေးတွေ မှားနေတာ။ ငါ့အမှားပါ။ တောင်းပန်တယ်နော်" သူ တောင်းပန်တာထက် ပိုကောင်းတာထက် မရှိတော့ဘူး။

------

သေစမ်း! ငါ ဘာလို့ ပိုပြီးတော့တောင် မကျေမနပ်ဖြစ်လာရတာလဲ!?

ရုန်ချင်းက...တစ်ခုခုတော့ သိပ်ဟုတ်မနေဘူးလို့ ထူးထူးဆန်းဆန်း ခံစားနေရတယ်။

သူ့ရဲ့ခံစားချက်တွေကို ဂရုတစိုက် စစ်ဆေးလိုက်တယ်။

အများကြီး ဂရုစိုက်ပြီးတော့

ငလူး!

ဒါ လူကြီးတစ်ယောက်က ငိုနေတဲ့ကလေးကို သကြားလုံးတစ်လုံးနဲ့ ချော့တဲ့အခါ သုံးတဲ့လေသံမဟုတ်လား?!

ငါ ‌သေလောက်အောင် သွေးတက်သွားပြီ!

ငါလေးက မင်းတူမဟုတ်ဘူးဟ!

နှစ်သိမ့်မှု မအောင်မြင်တာကို ရိပ်မိတော့ ဇီပိုင် ချက်ချင်း သဘောပေါက်လိုက်တယ်။

အို ဟုတ်သား။ ရုန်ချင်းက သူ့အိမ်က ကလေးတွေလိုမှမဟုတ်တာ ဒါကြောင့်မို့လို့ ဒီအကြံအစည်ထဲ လွယ်လွယ်ပြုတ်ကျမှာမဟုတ်ဘူး။

ကုန်းစွင့်ဇီပိုင်က သူ့လေသံကို ချက်ချင်းပြောင်းလိုက်တယ် :: "ငါ အတွေးလွန်မိသွားတာပါ။ ငါ CEOရုန်ဆီကနေ အကြံလေးဘာလေး တကယ်တောင်းချင်တာပါ။ သိတဲ့အတိုင်း အိမ်ကကလေးက ငယ်သေးတယ်လေ။ နောက်တစ်ကြိမ် ဒီလိုထပ်ဖြစ်ရင် သူ ငါ့စကားကို နားမထောင်တော့မှာကို စိုးရိမ်လို့ပါကွာ"

Big Bossကြီးရဲ့ကိုယ်ထဲ ကူးပြောင်းပြီး ဗီလိန်လေးကိုအရယူမယ် {ဘာသာပြန်}Where stories live. Discover now