ကျန်းဟောင် ခဏလောက်တိတ်နေပြီးမှ

" အခု အထဲဝင်သွားလည်း ဘာမှအသုံးမဝင်တော့ဘူး "

ကားမောင်းသူက ကျန်းဟောင်ရဲ့ အမူအရာမဲ့မျက်နှာကို သေချာစစ်ဆေးကြည့်ရှုပြီးနောက် ပြုံးလိုက်ကာ

" ငါလည်း ကြားပါတယ် ..အဲ့ဒီလူကို ကုမျိုးနွယ်က သူ့အိမ်ကို ခေါ်သွားပြီဆို ..သူတို့နှစ်ယောက် ပြန်ပေါင်းထုပ်နေပြီလားဆိုတာ မင်း စုံစမ်းပြီးပြီလား "

ကျန်းဟောင် ကားပြတင်းဘက်အပြင်က တရိပ်ရိပ်ကျန်နေရစ်တဲ့ မြင်ကွင်းတွေကိုကြည့်ပြီး ရိုးသားစွာ ဆိုလိုက်တယ် ။

" ပြန်ပေါင်းထုပ်တယ်လို့ပြောလို့မရသလို ပြန်ပေါင်းမထုပ်ဘူးလို့လည်း ပြောလို့ရတယ် .. သူတို့ကြားက အနှောင်အဖွဲ့တွေကို ရှင်းလင်းနေတုန်းလည်း ဖြစ်ကောင်းဖြစ်နိုင်တယ် "

" အိုး သားရီးရေ ..သူတို့ အဲ့လိုဖြစ်နေတာ မင်းအတွက် အခွင့်အရေးပဲလေ ..  ပွဲလန့်တုန်းလေး ဖျာဝင်မခင်းဘူးလား "

" အနည်းဆုံးတော့ သူ့စိတ်ထဲမှာ ငါဆိုတဲ့ နှောင်ကြိုးလေးတစ်မျှင်ရှိနေသေးတယ် ..ငါ အတင်းရှေ့ဆက်တိုးလိုက်ရင် အဲ့ကြိုးလေး ပြတ်တောက်သွားမှာကွ .. သူ့ရင်ထဲမှာ ငါမရှိတော့မှာ ကြောက်မိတယ် "

ကျန်းဟောင်က တည်ငြိမ်စွာပဲ ဆိုနေခဲ့တယ် ။

" အဲ့ဒီအပြင် ဒီအခြေအနေမှာ သူ့ကိုမျှော်လင့်နေတာ သင့်တော်မှာတဲ့လားကွာ "

ကားမောင်းသူက မျက်ခုံးတွေတွန့်ချိုးကာ စဉ်းစားလိုက်ပြီး သက်ပြင်းချ၍
" ဒါ အမှန်ပဲ ..မင်းအစ်ကိုပြောတာတွေလည်း အမှန်ပဲ ..အားလုံးက မင်းကိုယ်တိုင်လုပ်ခဲ့တာ ..မင်းအစ်ကိုရဲ့ စိတ်ခံစားချက်ကို ဂရုစိုက်လိုက်ပါကွာ .. ပြဿနာကို မီးခွက်ထွန်းရှာထားတာ မင်းလေ ..မင်းမိဘတွေလည်း မင်းကြောင့် စိတ်သောကရောက်နေရပြီ "

" ငါက တစ်စုံတစ်ယောက်ကို လိုချင်လို့ မိဘတွေကို ဝန်ခံခဲ့တာပါ ..အခုတော့ ငါ့အစ်ကိုရဲ့ဖိအားတွေကြောင့် ဘာမှဆက်လုပ်လို့မရတော့ဘူး "

ကျန်းဟောင် ခေါင်းခဲရလွန်းတာကြောင့် နားထင်ကို နှိပ်လိုက်ပြီး

Big Bossရဲ့ ကိုယ်ဝန်လွယ်ထားရပြီ (Book 2)Where stories live. Discover now