" အဲ့လောက်တောင် သားရဲတစ်ကောင်လို ထကြွသောင်းကျန်းတဲ့ ခင်ဗျားရဲ့ကိုယ်ပိုင်ပစ္စည်းကြီးကို ကျွန်တော်ကိုယ်တိုင် ဖြတ်ပစ်မယ် "

ယုပေါ်ယွင်က အံကြိတ်သံနဲ့ပြောပြီး ကုဖုန်းရဲ့ တစ်ဝက်ဗလာကျင်းနေတဲ့ကိုယ်ကို အားရပါးရ ထုရိုက်လေတော့တယ် ။

နောက်တော့ ထုရိုက်ရတာ မောလာပြီး မခံမရပ်နိုင်စွာနဲ့ ခေါင်းဦးကို လွှင့်ပစ်ကာ အချိန်အကြာကြီး ငြိမ်သက်သွားတယ် ။ ပြီးနောက် သွားတွေတကျိကျိမြည်အောင်ကြိတ်ပြီး ကြောက်စရာကောင်းလှတဲ့မျက်လုံးတွေနဲ့ ကုဖုန်းကို လှည့်ကြည့်လာတယ် ။ ကုဖုန်းရဲ့တစ်ဘဝလုံးကို ရက်ရက်စက်စက်ဝါးမြိုဖျက်ဆီးချင်တဲ့ အကြည့်ကြီးနဲ့ တစ်လုံးချင်း အေးစက်စွာ မေး‌လေတယ် ။

" ခင်ဗျား ကွန်ဒုံးသုံးရဲ့လား "

" ကွန်ဒုံး ???"
ကုဖုန်း ပဟေဠိဖြစ်သွားတယ် ။

" ကျွန်တော် ညတုန်းက မူမူးရူးရူးနဲ့ ခွေးစိတ်ပေါက်ပြီး ခင်ဗျားကို ကိုက်မိတာထင်တယ် "

ယုပေါ်ယွင် အံကြတ်ကာ

" ဒါပေမယ့် ခင်ဗျား ကွန်ဒုံး သုံးလား မသုံးလား ကျွန်ဝောာ့်ကို မြန်မြန်လေးပြောစမ်းပါ ..
ခင်ဗျားရဲ့ အချစ်ရေးတွေကို ကျွန်တော်........"

" ပြောခဲ့တယ် !..အရင်တုန်းက ကိုယ် မင်းနဲ့လုပ်ဖို့ ပြောခဲ့တယ် ..ရယ်စရာကောင်းတာက ကိုယ်တို့ဆက်ဆံရေးက ပြတ်တောက်သွားခဲ့တယ်လေ "

ကုဖုန်းက ယုပေါ်ယွင်လက်လေးတွေကို တည်တည်ငြိမ်ငြိမ် ဆုပ်ကိုင်လိုက်ပြီး ဟန်ဆောင်မှုကင်းတဲ့ အမူအရာနဲ့ ယုပေါ်ယွင် မျက်လုံးထဲ တည့်တည့်ကြည့်ကာ

" ဒါပေမယ့် ပေါ်ယွင်လေးရယ် ကိုယ် ...ကိုယ့်စိတ်ဆန္ဒတွေ ဖြေသိမ့်ဖို့အတွက် ဘယ်သူ့ကိုမှ မရှာခဲ့ဖူးပါဘူးကွာ  ..တကယ်ပါ "

ကုဖုန်းစကားကြားပြီး ယုပေါ်ယွင်မျက်နှာလေးက ဖျတ်ခနဲ ပြုံးယောင်သန်းသွားပေမယ့်  ထရပ်လိုက်ချိန်မှာတော့ ‌ဒေါသတွေ ပေါက်ကွဲလာပြန်ကာ နောက်ထပ်ခေါင်းဦးတစ်လုံးယူပြီး  ဒေါသဖြေတဲ့အနေနဲ့ ကုဖုန်းကို မနာကျင်အောင် အားကိုဖော့ပြီး ရိုက်နေဝောာ့တယ် ။

Big Bossရဲ့ ကိုယ်ဝန်လွယ်ထားရပြီ (Book 2)Where stories live. Discover now