ယုပေါ်ယွင် ပြောလက်စလေး တိခနဲ ရပ်သွားရပြီပေါ့ ။

သူ့လည်ပင်းကို ပြူးကြည့်နေတဲ့ ယုပေါ်ယွင်ကြောင့် ကုဖုန်း မျက်ခုံးပင့်ပြီး လည်ပင်းကကိုက်ရာကို ပြန်စမ်းကြည့်လိုက်တယ် ။

ထို့နောက် ခပ်ပြုံးပြုံးနဲ့ ဆိုလေတယ် ။

" အခု ယုံပြီလား..ညတုန်းက မင်းလေး ဘယ်လောက်တောင် ကြမ်းခဲ့လဲဆိုတာ "

ယုပေါ်ယွင် တံတွေးမြိုချလိုက်တယ် ။
ခုချိန်ထိ သူ မယုံနိုင်သေးဘူး ။

" ဒါ ..ဒါက ကျွန်ဝောာ်ကိုက်လိုက်တာလား ?"

" ဟုတ်ပါ့ဗျာ "

ကုဖုန်း ခေါင်းတဆတ်ဆတ် ညိတ်ပြလိုက်တယ် ။

" ငလူးထဲမှ !"

ယုပေါ်ယွင် သူ့ကိုယ်သူ ကျိန်ဆဲပြီး အိပ်ရာပေါ်က အလန့်တကြား ခုန်ထလေတော့တယ် ။

" ဒါ ဒါဆို ကျွန်တော်တို့ ဟိုဟာလုပ်..လုပ်မိကြတာလား ???"

ယုပေါ်ယွင်ရဲ့ အဲ့ဒီလိုပုံလေးကိုမြင်ပြီး ကုဖုန်း ချက်ချင်းပဲ ခုန်အုပ်ချင်စိတ်ပေါက်လာတယ် ။ သူ့နှုတ်ခမ်းထောင့်စွန်းလေး ကွေးတက်သွားအောင်ပြုံးပြီး

" ကိုယ့်လည်ပင်းက သွားရာနက်နက်တွေနဲ့ ကိုယ့်ကျောကုန်းပေါ်က လက်သည်းကုတ်ရာတွေကို ကြည့်ကြည့်လေ............"

ကုဖုန်းက သူ့လည်ပင်းကိုရော ကျောကုန်းကိုပါ ညွှန်ပြကာ

" ကဲ ..ခင်ဗျားလေး ဘယ်လိုထင်တုန်း "

ယုပေါ်ယွင်က မျက်ဆံနက်နက်လေးတွေနဲ့ ကုဖုန်းရဲ့ ရယ်ချင်ပက်ကျိမျက်လုံးတွေထဲ ပြူးပြဲကြည့်ကာ အဖြေရှာနေတယ် ။

ထို့နောက် ခေါင်းဦးကို ကောက်ကိုင်ကာ ကုဖုန်းကို တဖုန်းဖုန်းနဲ့ ထရိုက်ပါလေရော ။

" ဖာ့ခ် ! ခင်ဗျား ! အခွင့်အရေးသမား ! မူးနေတာတောင် အခွင့်အရေးယူသေးတယ်ပေါ့ ! အရှက်မရှိတဲ့ လူ ! "

ကုဖုန်းက ယုပေါ်ယွင်ရဲ့ရိုက်ချက်တွေကို လက်နဲ့ကာပြီး အိပ်ရာပေါ် ပြန်လှဲချလိုက်တယ် ။

" မရိုက်ပါနဲ့ အာ့ ! မရိုက်ပါနဲ့ မရိုက်နဲ့တော့နော် ..လိမ္မာတယ်လေကွာ နော် .. ကိုယ်က ဒီအတိုင်း ........"

Big Bossရဲ့ ကိုယ်ဝန်လွယ်ထားရပြီ (Book 2)Where stories live. Discover now