ဖြစ်နိုင်မယ်ဆိုရင် ဒီဝေဒနာတွေအားလုံးကို သူတစ်‌ယောက်တည်းသာ ခံယူလိုက်ချင်ပါရဲ့ ။

" ဟေး , မငိုပါနဲ့တော့ကွာ နော်..မင်းမှာ ယွဲ့ယွဲ့လေးရှိသေးတယ်လေ..ဒေါက်တာပိုင်နဲ့ လုရန်ကလည်း အကောင်းဆုံး သူငယ်ချင်းတွေအဖြစ် ရှိနေသေးတယ်‌..ပြီးတော့ ..ပြီးတော့ မင်းမှာ ကိုယ်လည်းရှိနေသေး..........."

ယုပေါ်ယွင် ခေါင်းမော့လာပြီး ရီဝေဝေမျက်လုံးလေးတွေနဲ့ ကုဖုန်းကိုတစ်ချက်ကြည့်ကာ ခေါင်းပြန်ငုံ့သွားတယ် ။

" ခင်ဗျားက ကုဖုန်းပဲ "

" ဟုတ်ပါတယ်..ကိုယ်က ကုဖုန်းလေ "

အခုက ယုပေါ်ယွင်ရဲ့ စိတ်တွေရှုပ်ထွေးနေမှန်း သူ ကောင်းကောင်းကြီးသိတာပေါ့ ။ ဒါကြောင့် ယုပေါ်ယွင်စကားအတိုင်း အသာလေးဖော်လိုလိုက်ပေးပြီး ရတဲ့နည်းနဲ့ ချော့မော့ဖြောင်းဖျကြည့်ရမှာပဲ ။

"မင်း ဝမ်းနည်းနေတာ ကိုယ်သိတယ်..အဲ့ဒါကြောင့် ဝမ်းနည်းမနေဘဲ အဲ့ဒီ ဝမ်းနည်း‌စိတ်တွေ မပြေမချင်း ကိုယ့်ကိုသာ တစ်ခုခု လုပ်လိုက်စမ်းပါ..မင်းသာ ပျော်မယ်ဆိုရင် ကိုယ့်ကိုဘာပဲလုပ်လုပ် လုပ်လို့ရပါတယ်.."

" ကုဖုန်း ! "

ယုပေါ်ယွင်က အသံသဲ့သဲ့လေးနဲ့ အော်လိုက်တယ် ။

" ကျွန်တော်ကတော့ ခင်ဗျားပျော်ပါစေလို့လေ..ဒါပေမယ့် ခင်ဗျားက ဘာကြောင့် ထွက်မသွားရတာလဲ "

ကုဖုန်း ခေါင်းတွင်တွင်ခါပြီး

" မင်း အတင်းနှင်ထုတ်ရင်တောင် ကိုယ်က ထွက်မသွားဘူး..မင်းအနားမှာနေပြီး မင်းလက်ကိုပဲ တစ်သက်လုံးတွဲထားမှာ "

ယုပေါ်ယွင် ဗိုက်ထဲမှာ အော်ဂလီဆန်ပြီး တကိုယ်လုံးလည်း ပူလောင်နေသလိုပဲ ။ နှာခေါင်းလေးတရှုံ့ရှုံ့နဲ့လည်း ရှိုက်နေသေးတာ ။ ပြီးတော့ အေးမြပြီးစိုစွတ်တဲ့ တစ်နေရာရာမှာ လှဲအိပ်ပစ်လိုက်ချင်ပြီ ။

အတွေးကနောက် လက်တွေ့ကအရင် ဆိုသလိုပဲ ယုပေါ်ယွင်တစ်ယောက် လှေကားထစ်ပေါ်မှာတင် လှဲချပစ်လိုက်ပါလေရော ။

ကံကောင်းလှစွာပဲ ကုဖုန်းက သတိကြီးစွာနဲ့ လဲပြိုလာတဲ့ ကိုယ်လေးကို ဖမ်းထိန်းပြီး သူ့ရင်ခွင်နွေးနွေးထဲ ထွေးပွေ့ထားလိုက်တယ် ။

Big Bossရဲ့ ကိုယ်ဝန်လွယ်ထားရပြီ (Book 2)Kde žijí příběhy. Začni objevovat