အခန်း ၁၉၃ ။ လော့ဟန်ကျောက်တုံးကို ငှားခြင်း

715 136 1
                                    

193

အခန်း ၁၉၃ ။ လော့ဟန်ကျောက်တုံးကို ငှားခြင်း

ယီရွှေ့တိုက်ကြီးက အမတဘုံရဲ့ မြောက်ပိုင်းထိပ်ဖျားမှာ တည်ရှိတာကြောင့် ဖုန့်ချန်တိုက်ရဲ့ ထာဝရနွေဦးရာသီလိုမျိုး မရှိဘူး။ နေရာတိုင်းနီးပါးက နှင်းတွေဖုံးလွှမ်းနေပြီး စိမ်းစိုမှုက မရှိသလောက်။ နှင်းကလွဲရင် သူတို့မြင်ရတာ အဆုံးမရှိတဲ့ပင်လယ်ပြင်။

သူတို့ ရွှမ်ထုံ့ကို စိုးရိမ်တာမို့ ရှန်းရင်တို့တွေ ယီရွှေ့နန်းတော်ဆီ မရပ်မနားဦးတည်ခဲ့ကြတယ်။ သူတို့တွေ လမ်းမှာ အမတတချို့ပဲတွေ့ခဲ့ရတယ်။

သူတို့တွေဆီမှာ ချူရွှမ်ပေးလိုက်တဲ့ အထူးတလည် ခရီးသွားလာခွင့်တံဆိပ်ပြားရှိတာမို့ နန်းတော်အပေါက်အဝဆီ ဘာကိစ္စမှမရှိဘဲ ရောက်လာခဲ့တယ်။ သူတို့တွေ အမတအရာရှိ အစောင့်တွေကို သူတို့လည်ပတ်မှုရဲ့ရည်ရွယ်ချက်ကို အသိပေးလိုက်တယ်။ ခဏနေတော့ လူတစ်ယောက်ထွက်လာပြီး သူတို့ကို ဂါဝရပြုလိုက်တယ်။

"အရှင်မင်းကြီးက ဖိတ်ကြားလိုက်ပါတယ်"

သူတို့တွေကို ပင်မနန်းဆောင်ထဲ ခေါ်လာကြတယ်။

ဝတ်ရုံဖြူနဲ့လူတစ်ယောက်က သလွန်ပေါ်ထိုင်နေတယ်။ သူ့အသွင်အပြင်က ‌ခပ်ထင်းထင်းရှိပြီး ဆံပင်ရှည်ကို ထုံးထားတယ်။ သူ့အပြင်ပိုင်း အသွင်အပြင်က သင့်တင့်ပြီး ခံ့ညားသား။ ဒါပေမဲ့ သူ့မျက်ဝန်းထဲကအမူအရာကတော့ ရေခဲတမျှအေးစက်နေတယ်။ လူမဆန်‌လုနီးပါး အငွေ့အသက်က သူ့ကိုလွှမ်းခြုံနေလေရဲ့။

သူတို့တွေ သူက အဇဋာဧကရာဇ်ရှင်းဟန် ဖြစ်ရမယ်လို့ ခန့်မှန်းလိုက်ကြတယ်။

"နှုတ်ဆက်ပါတယ် အရှင်မင်းကြီး" သူတို့တွေ ယဉ်ယဉ်ကျေးကျေး ဂါဝရပြုလိုက်တယ်။

ရှင်းဟန်က သူတို့ကိုမျက်နှာသေနဲ့ ကြည့်ပြီး အေးစက်စက်မေးလာတယ်။

"အဲတော့ ခင်ဗျားတို့က ဝူတိဂိုဏ်းကလား"

"ဟုတ်ပါတယ်" ကူယွဲ့က စီးပွားရေးဆန်တဲ့အမူအရာယူလိုက်တယ်။

တစ်စုံတစ်ရာကို ပြန်သတိရသွားပုံနဲ့ ရှင်းဟန်က မျက်မှောင်ကြုတ်ကာ အေးတိအေးစက် စကားဆိုတယ်။

ပျင်းနေပြန်တဲ့ကိုယ့်ဆရာ (ဘာသာပြန်)Where stories live. Discover now