အခန်း ၁၂၄ ။ နတ်ဆိုးဘုံတံခါး

1K 163 6
                                    

124

အခန်း ၁၂၄ ။ နတ်ဆိုးဘုံတံခါး

သုံးဆင့်တက်လှမ်းတာမို့ ယိချင်းက ကောင်းကင်ဝဋ်ကြွေးကို ဆယ်ရက်နေမှပြီးမြောက်ခဲ့တယ်။ သူက အခုတော့ မြေအမတအစား မဟူရာအမတဖြစ်နေပြီ။ ပေါင်မိသားစုက ပေါင်ရီရဲ့နောက်ကဖြစ်နေပြီ။ ဒါပေမဲ့သူက ဓားအမတ။ ဓားအမတတွေက ပုံမှန်က ကျင့်ကြံခြင်းတူတဲ့ တခြားအမတတွေထက် အင်အားကြီးမားတယ်။ တိတိကျကျပြောရရင် ယိချင်းက ပေါင်ရီထက်တောင် အင်အားကြီးတာဖြစ်နိုင်တယ်။

သူ စိုးရိမ်တာကတော့ သူ့ဆရာ လုံလုံလောက်လောက်စားရရဲ့လားဆိုတာပဲ။ သူအမြန် သွေးကြောတွေကို ထိန်းညှိပြီး ဂိုဏ်းဆီ ပြန်ပျံသန်းလာခဲ့တယ်။ လမ်းတစ်လျှောက်မှာ ထွက်လာတဲ့ လူနှစ်ယောက်နဲ့ဆုံသွားလေတယ်။

"နောက်ဆုံးတော့ပြီးပြီပဲ၊ သွားကြရအောင်၊ ငါတို့ချွီရွှမ်းမြို့ဆီ သွားမလို့"

ကူယွဲ့ လက်ယမ်းပြရင်း ရှန်းရင်ကိုပါ သူ့နောက်ကနေ ဆွဲခေါ်လာတယ်။

"ဆရာ ဒါ..." ယိချင်း တန့်သွားတယ်။ သူတို့  အဲကနေ ပြန်လာကာစမဟုတ်ဘူးလား။

"အရင်သွားကြရအောင်၊ ငါတို့မင်းကို လမ်းမှာရှင်းပြမယ်" ကူယွဲ့ စိတ်ပူစွာပြောပြီး သူ့ဓားပျံပေါ်လိုက်တယ်။

ယိချင်းလည်း ဆက်မမေးတော့ဘူး။ သူ့ဓားပျံကို ဆင့်ခေါ်ပြီး ရှန်းရင်ကို ဓားနောက်ဆွဲခေါ်လိုက်တယ်။ နောက်တော့ ချွီရွှမ်းမြို့ဆီ အတူတူပျံသန်းလာခဲ့ကြတယ်။

"ချီရွှမ်းမြို့မှာ ဘာဖြစ်လို့လဲ" ယိချင်းက ပျံသန်းရင်း မေးလိုက်တယ်။

"အရင်က မြို့ကိုကျူးကျော်လာခဲ့တဲ့ နတ်ဆိုးကို မှတ်မိလား၊ သူဘယ်လိုထွက်ပြေးသွားလဲသိလား"

ယိချင်း မျက်မှောင်ကြုတ်ပြီးစဉ်းစားလိုက်တယ်။  နဉ်ဇီအန်းရဲ့ မူလဝိညာဉ်ဓားချီက ပေါင်ရီ့ကို စိတ်အာရုံထွေပြားအောင်လုပ်ခဲ့တာ။ နတ်ဆိုးက အခွင့်ကောင်းယူပြီး ထွက်ပြေးသွားတာပဲ။ နောက်တော့...။

"လေထဲပျောက်သွားတာ၊ နတ်ဆိုးချီတွေရောပဲ" ကြောက်ခမန်းလိလိ နတ်ဆိုးချီတွေက တစ်ခဏအတွင်း ပျောက်ဆုံးသွားခဲ့တာ။

ပျင်းနေပြန်တဲ့ကိုယ့်ဆရာ (ဘာသာပြန်)Where stories live. Discover now