အခန်း ၁၅၇ ။ ချန်းယွီဒဏ်ရာများ

965 161 0
                                    

157

အခန်း ၁၅၇ ။ ချန်းယွီဒဏ်ရာများ

ပိထောင် ဖုန်းယင်သွေးကြောတွေကို ကုသဖို့ စုစုပေါင်း၇ရက်ကြာခဲ့တယ်။ သူ့လောင်ကျွမ်းနေတဲ့ကိုယ်က နောက်ဆုံးတော့ အရောင်ပြန်တင်လာပြီ။ သူက အခု ပိုပြီး သတိနိုးကြားလာတယ်။

ပိထောင်က နဖူးက ချွေးကိုသုတ်ပြီး အခန်းထံကထွက်လာခဲ့တယ်။ သူ ထွက်ထွက်လာချင်းမှာပဲ ခြံဝန်းထဲ သူအလုပ်ပြီးမှာကို စောင့်နေတယ်ဆိုပြီး... အဆက်မပြတ်စားနေတဲ့ လူတချို့ကို သတိထားမိသွားတယ်။ သူတို့ပဲ ဖုန်းယင်က သူငယ်ချင်းလို့ ပြောတယ်မဟုတ်ဘူးလား။ ဘာလို့ပိထောင်ပဲ ဖုန်းယင်အခြေအနေကို စိုးရိမ်နေတယ်လို့ ထင်ရတာပါလိမ့်။

"ကြီးမြတ်တဲ့... ဂိုဏ်းချုပ်" ပိထောင်က သက်ပြင်းချပြီး သူမရှေ့လှမ်းသွားလိုက်တယ်။

"ကျုပ် သူ့သွေးကြောတွေကို ကုသပြီးပါပြီ၊ ဒါပေမဲ့ ဝဋ်ကြွေးချေမှုက သူ့အုတ်မြစ်ကို ထိခိုက်သွားတယ်၊ ကျုပ်ကျင့်ကြံဆင့်ကြောင့် သူ့အုတ်မြစ်ကို အခုကုသပေးလို့မရဘူး၊ အနားယူပြီး သူ့အုတ်မြစ်ကို သူ့ဘာသာ ထိန်းညှိရလိမ့်မယ်" ပိထောင်က စိတ်တန်ခိုးအဆင့်အမတပဲရှိသေးတာ၊ ပြီးတော့ တက်လှမ်းပြီးကာစ။ အဆင့်မြင့်အမတ‌တွေပဲ တခြားလူရဲ့ အုတ်မြစ်ကိုကုသပေးနိုင်တယ်။

"အိုး... ပင်ပန်းသွားရပြီ" ရှန်းရင် ခေါင်းညိတ်ပြီးလက်ထဲကပန်းသီးကို နောက်တစ်ကိုက် ထပ်ကိုက်လိုက်တယ်။ အဲတော့မှ ဖုန်းယင်က သူတို့ဆီ လျှောက်လာနေတာကို သူမသတိထားမိသွားတယ်။ အမှန်ပဲ ရင်းနှီးနေတဲ့ စနစ်အသံကထွက်လာပြန်တယ်။

[တင်း အာရုံခံ ။ ။ လက်ခံသူကိုယ်ခန္ဓာက ၈၈ရာခိုင်နှုန်း ပျောက်ကင်းသွားပါပြီ၊ တာဝန် ။ ။ ကျေးဇူးတရားပြသမှုဆိုတာ အရင်ခေတ်တည်းက ရှိလာခဲ့တဲ့တန်ဖိုးပါ၊ လက်ခံသူ ကျေးဇူးပြုပြီး ခေါင်သူကြီးကို သူမရဲ့ ရက်ရောမှုအတွက် ကျေးဇူးတင်ပါ]

ဖုန်းယင် ခြေယိုင်ပြီး နောက်တစ်ကြိမ် ဒူးထောက်ကျမလိုဖြစ်သွားလေရဲ့။ ဒါပေမဲ့ သူအချိန်မီပြန်ထိမ်းပြီး မတ်တတ်ရပ်နေဆဲ။ စိတ်ထဲတော့ စနစ်ကို ဆဲရေးပြီးမေတ္တာပို့ပြီးပြီ။ သူ ပိထောင်ဘက်လှည့်ပြီး လက်နှစ်ဖက်ဆုပ်လိုက်တယ်။

ပျင်းနေပြန်တဲ့ကိုယ့်ဆရာ (ဘာသာပြန်)Where stories live. Discover now