အခန်း ၁၀၈ ။ ယင်းကောင်းကင်ယံမြို့ဆီ

981 126 0
                                    

108

အခန်း ၁၀၈ ။ ယင်းကောင်းကင်ယံမြို့ဆီ

ဆယ်မိနစ်အတွင်း ကောင်းကင်က နေဝင်ဆည်းဆာအလင်းက ပိုမှောင်လာပြီး ဘေးပတ်လည်က ဝိညာဉ်ချီတွေ ပိုထူလာတယ်။ တစ်ယောက်ယောက်က အထက်ထျန်းလန်လောကထဲ ဝိညာဉ်ချီတွေအများကြီး လောင်းချလိုက်သလိုပဲ။ ‌ကောင်းကင်ဝင်ရိုးစွန်းမှာ ဝိညာဉ်ချီ အမျှင်စုလေးတွေတောင် ခပ်ရေးရေးရှိနေသေး။

မသေမျိုးပြောတာ တကယ်ပဲအမှန်လား။ လူတိုင်း ကြောက်လန့်မှုနဲ့ ကြက်သီးထသွားကြတယ်။ သူတို့စောနကမြင်ခဲ့ရတဲ့ တောက်ပမှုက ကောင်းကင်တံခါးပွင့်သွားတဲ့ လက္ခဏာဖြစ်ရမယ်။ အဲဒီအလင်းတန်းတွေက တကယ်ပဲ... လောကကြီးကို ဖျက်ဆီးဖို့ရောက်လာတဲ့ မသေမျိုးတွေလား

အထက်ဘုံရဲ့ မသေမျိုးတွေက ဘာလို့ အောက်ဘုံကလူတွေကို တိုက်ခိုက်ချင်ရတာလဲ။

"ဂိုဏ်းချုပ်၊ ကျွန်မတို့ အခုဘာလုပ်သင့်လဲ" ယွီဟုန်က တည်ငြိမ်စွာမေးပြီး သူမရဲ့ စိုးထိတ်မှုကို ချုပ်ထိန်းဖို့ ကြိုးစားနေတယ်။

ရှန်းရင်က တစ်ခဏတွေးပြီးမှ ပြန်ဖြေလာတယ်။

"ဘယ်ဂိုဏ်းက လောလောဆယ် လူအများဆုံးရှိလဲ"

တစ်ခဏတာ လူတိုင်း သူ့မေးခွန်းကြောင့် ကြောင်အကုန်ပြီး တိတ်ဆိတ်သွားကြတယ်။ အဲချိန် ယိချင်းက ရှေ့တက်ပြီး ဖြေလာတယ်။

"ဆရာ၊ ဂိုဏ်းတပည့်တွေစုဆောင်းတဲ့ ရက်က ကျော်လွန်ကာစမို့ ဂိုဿ်းအသီးသီးက အခု အရည်အချင်းစစ် စာမေးပွဲတွေ ကျင်းပနေဆဲကာလ ဖြစ်လောက်ပါလိမ့်မယ်၊ လူအများဆုံးရှိမဲ့နေရာက... ဆွေကြီးမျိုးကြီးမိသားစု သုံးစုဖြစ်နိုင်ပါတယ်"

ခေါင်းညိတ်ပြီး ရှန်းရင် တစ်ခုခုပြောမလို့ ရှိသေး တပည့်တစ်ယောက်က ကျောက်စိမ်းတံဆိပ်ပြားနှစ်ခု ကိုင်ပြီး ပြေးဝင်လာလေတယ်။

"ဂိုဏ်းချုပ်၊ ကျွန်မတို့ ယင်းနဲ့ရွှမ်းယွမ်မိသားစုတွေဆီကနေ သတင်းစကားလက်ခံရရှိထားပါတယ်၊ သူတို့ အင်အားကြီးရန်သူတွေနဲ့ ကြုံနေတာမို့ အကူအညီတောင်းခံပါတယ်တဲ့"

ပျင်းနေပြန်တဲ့ကိုယ့်ဆရာ (ဘာသာပြန်)Tahanan ng mga kuwento. Tumuklas ngayon