အခန်း ၁၂၅ ။ စုပေါင်းအားထုတ်မှု

1K 171 3
                                    

125

အခန်း ၁၂၅ ။ စုပေါင်းအားထုတ်မှု

သူတို့တွေ အောက်က ချွီရွှမ်းမြို့တစ်မြို့လုံးကို အပေါ်စီးကမြင်နေရတယ်။ ချွီရွှမ်းမြို့က အမတသွေးကြောပေါ် ဆောက်ထားတာ။ မသေမျိုးချီတွေက တစ်မြို့လုံးပြည့်နေပေမဲ့ မြို့ပြင်မှာတော့ ပါးတယ်။ ဒါက မြို့ကို ပတ်ဝန်းကျင်ကနေ သိသိသာသာ ကွဲထွက်စေနေတာပဲ။ ပြောရရင်တော့ သူ့ပုံသဏ္ဌာန်ပေါ့။

မြို့က အရင်က ဖြစ်ကတတ်ဆန်းပုံစံနဲ့ ဆောက်ခဲ့တာ - ပုံသဏ္ဌာန်တိတိကျကျမရှိခဲ့ဘူး။ တကယ်လို့ လူတွေ မြို့ထဲနေချင်ရင် အိမ်ဆောက်ဖို့ ခွင့်ပြုချက်အတွက် မြို့အရှင်ဆီ လျှောက်ရုံပဲ။ မြို့အရှင်က ခွင့်ပြုချက်ပေးသရွေ့ သူတို့တွေ ဘယ်နေရာမှမဆို အိမ်ဆောက်လို့ရတယ်။ အဲဒါကြောင့် မြို့ထဲနေရာအများကြီးရှိနေတာပဲ။

ဒါပေမဲ့ အဲအခိုက်အတန့်မှာ သူတို့ ကောင်းကင်မှာရှိနေတဲ့နေရာကနေ မြင်ရတာတော့ မြို့က စတုရန်းပုံစံ ဖြစ်နေတာပဲ။ သူတို့ ဒါ ဘယ်ချိန်ကစလဲ မသိပေမဲ့ မြို့တစ်မြို့လုံးက ပေတံသုံးပြီး အကွက်ချထားသလိုပဲ။ တစ်အိမ်မှ နေရာအပြင်ထွက်နေတာမျိုးမရှိဘူး။ မြို့တစ်လျှောက် လမ်းမကြီးက စတုရန်းအလယ်မှာ ကွက်တိကျနေပြီး စတုရန်းကို နှစ်ခြမ်းကွက်တိခွဲထားလေတယ်။

သူတို့ ဒီလောက်အမြင့်ကနေသာ မကြည့်ခဲ့ရင် သတိထားမိခဲ့မှာမဟုတ်ဘူး။ ချွီရွှမ်းမြို့တစ်မြို့လုံးက... တံခါးလိုမျိုးဖြစ်နေတာပဲ တံခါးကြီးလေ။ ပေါင်ဖေးဖျင် အရင်က ထူးဆန်းတယ်လို့ လက်ညှိုးထိုးပြခဲ့တဲ့နေရာတွေက တံခါးနားမှာ အစီအရင်ပြန့်နေတဲ့ပုံက တံခါးပတ်လည်က သံတွေလိုပဲ။

"မြို့အရှင်ပေါင်" ကူယွဲ့ ရုတ်တရက် ခေါ်လိုက်တယ်။

"ခင်ဗျားမှာ မြို့ထဲကို မသေမျိုးချီတွေ စီးဝင်တာ ယာယီတားလို့ရမဲ့ နည်းလမ်းရှိလား၊ ဒါမှမဟုတ် အမတသွေးကြောကိုစစ်ဖို့ အမတလက်နက်မျိုး ရှိလား"

"အမတသွေးကြောကို စစ်ဆေးဖို့လား၊ ခင်ဗျားဆိုလိုတာက..."

ပေါင်ဖေးဖျင် တုန်လှုပ်ချောက်ချားသွားတယ်။ သူ့စိတ်ထဲ ကြောက်စရာအတွေးတစ်ခု ပေါ်လာလို့ ရင်ထဲ တဒိန်းဒိန်းတောင် ဖြစ်နေပြီ။ သူ အသည်းအသန် ခေါင်းညိတ်ပြလိုက်တယ်။

ပျင်းနေပြန်တဲ့ကိုယ့်ဆရာ (ဘာသာပြန်)Where stories live. Discover now