အခန်း ၁၇၅ ။ အစားထိုးဇာတ်လိုက်မင်းသမီး

825 146 2
                                    

175
အခန်း ၁၇၅ ။ အစားထိုးဇာတ်လိုက်မင်းသမီး

သူတို့အနားယူချိန်အတွက် တောင်ထွတ်ဆီ ပြန်ရောက်လာပြီးတဲ့နောက် ကူယွဲ့က ရှန်းရင်ကို အိမ်ထဲ ချက်ချင်းဆွဲသွင်းလိုက်တယ်။ သူက အရင်ကထက်တောင် ပိုပြီးလေးနက်နေတယ်။

"ငါကို့ပြော အဲဒီလက်ဖက်စိမ်း... ဟွေ့လင်နဲ့ပတ်သက်ပြီး ဘာထင်လဲ"

"ဘာလဲ" ရှန်းရင် အူကြောင်ကြောင်ဖြစ်နေတယ်။

"ဘာထင်စရာရှိလို့လဲ"

"တစ်ခုခုထူးဆန်းနေတာရှိတယ်လို့ မခံစားရဘူးလား၊ သူက ချန်ကောတပည့်၊ အောက်ဘုံကလာတာ၊ ချန်ကောက အမြဲသူလိုချင်တာ လုပ်ခွင့်ပေးတဲ့ပုံစံရော၊ သူက သူမကို တခြားတပည့်တွေနဲ့ တခြားစီ ဆက်ဆံတယ်လေ" ဒါက တပည့်တစ်ယောက်ကို ဆက်ဆံတဲ့ပုံလုံးဝမဟုတ်ဘူး။

"နင်ပြောနေတာက..." မျက်စိတစ်ဖက်မှိတ်ပြပြီး ရှန်းရင်က အတည်ပေါက်ကြီးဖြေလာတယ်။

"သူတို့က ချစ်သူတွေပေါ့"

ကူယွဲ့ ။ ။ "..."

ယိချင်း ။ ။ "..."

နည်းနည်း စကားကြမ်းပေမဲ့... ပြောရရင်တော့ အဲလိုပဲပေါ့။

"မင်း သူ့ကို ရင်းနှီးနေတယ်မထင်ဘူးလား" ကူယွဲ့က နည်းနည်းစိတ်ပူပန်စွာနဲ့ မေးလိုက်တယ်။

"သူက ဇာတ်လိုက်မင်းသမီးရဲ့ ဇာတ်ကောင်ဖွဲ့စည်းပုံဆိုတာ မသိသာဘူးလား"

ဒီလိုစဉ်းစားရင်... သူမနဲ့တကယ်ကိုဆင်တာ။

"ရွှမ်ထုံက ကျွန်တော်တို့ဂိုဏ်းထဲမှာပဲမဟုတ်လား" ယိချင်းက ‌မျက်မှောင်ကြုတ်မေးလာတယ်။

"ဟုတ်တယ် အဲဒါကြောင့် ငါထူးဆန်းနေတာ" ကူယွဲ့ သုန်မှုန်စွာ ရှင်းပြလိုက်တယ်။

"တကယ်ဆို ရွှမ်ထုံက ဇာတ်လိုက်မင်းသမီး၊ ဟွေ့လင်လို့ခေါ်တဲ့သူက နဂိုဇာတ်လမ်းထဲ လုံးဝပေါ်မလာခဲ့ဘူး၊ ပြီးတော့ ငါစုဆောင်းခဲ့ရသလောက်ဆို ဒီလူ့ကို ချန်ကောက လွန်ခဲ့တဲ့လေးနှစ်က ကောင်းကင်အလွန်မှကောင်းကင်များဆီ ခေါ်လာခဲ့တာ၊ ရှန်းရင် ရွှမ်ထုံ့ကို‌ ပြန်ခေါ်လာချိန်နဲ့ တစ်ချိန်တည်းပဲ၊ ပြီးတော့ ဒီဟွေ့လင်က မူလဇာတ်လမ်းက ဇာတ်လိုက်မင်းသမီးနဲ့ ဇာတ်ကောင်ချင်း မတူတာကလွဲရင် ချန်ကော သူ့ကို တပည့်အဖြစ် လက်ခံပုံနဲ့ ဆက်ဆံတဲ့နည်းလမ်းပုံစံက ဇာတ်လိုက်မင်းသမီးအပိုင်းနဲ့ ကွက်တိပဲ၊ အတိအကျကို... ဇာတ်လိုက်မင်းသမီး ပြောင်းသွားတဲ့အတိုင်းပဲ"

ပျင်းနေပြန်တဲ့ကိုယ့်ဆရာ (ဘာသာပြန်)Where stories live. Discover now