အခန်း ၉၁ ။ ဆရာသခင်စိတ်ညစ်ခြင်း

1K 153 13
                                    

91

အခန်း ၉၁ ။ ဆရာသခင်စိတ်ညစ်ခြင်း

မသေမျိုးတက်လှမ်းမှုစေတီမှာ ဖြစ်ခဲ့တာအပြီး ယွီမိသားစုက လုံးဝ အရှုံးပေးလိုက်ရတော့တယ်။

စေတီပွင့်ထွက်သွားပြီးနောက်မှာ ယင်ချီတွေက ဆက်တိုက်အပြင်ကို လျှံထွက်လာပြီး လူတိုင်းကို ကြောက်လန့်သွားစေခဲ့တယ်။ ဘယ်သူမှ မသေမျိုးလောကနဲ့ တိုက်ရိုက်ချိတ်ထားတဲ့ မသေမျိုးစေတီက ဒီလိုယင်ချီတွေ အများကြီး ပြည့်နေမယ် မထင်ထားခဲ့ဘူး။ ဟွားယွမ်တစ်မြို့လုံး သက်ရောက်ခံလိုက်ရတယ်၊ - ယင်ချီက လပေါင်းများစွာကြာ‌တာတောင် ပျောက်ပျက်မသွားဘဲ ဝိညာဉ်ချီတွေ ရှားပါးနေခဲ့တယ်။ ကျင့်ကြံသူတွေက အုပ်စုလိုက် ထွက်သွားကုန်ကြတယ်။  မလိုအပ်ဘဲ ဟွားယွမ်မြို့နား ဘယ်သူမှ မလာရဲကြတော့ဘူး။ အရေးကြီးတဲ့ ပင်မမြို့ကနေ ဟွားယွမ်မြို့က ခုတော့ မြို့ပျက်ကြီးတစ်ခုပဲဖြစ်နေတော့တယ်။

ကျန်တဲ့ဆွေကြီးမျိုးကြီးမိသားစုသခင်ကြီးသုံးယောက်က စေတီကနေ လွတ်လာတဲ့နောက် သူတို့က ယွီမိသားစုနဲ့ အဆက်အသွယ်ဖြတ်မဲ့အကြောင်း ကြေညာခဲ့တယ်။ သူတို့က လူတိုင်းကို စေတီနောက်ကွယ်က အမှန်တရားလည်း ပြောပြလိုက်တယ်။ မသေမျိုးတက်လှမ်းမှုစေတီမဟုတ်ဘဲ ကျင့်ကြံသူအားလုံးရဲ့ အစွမ်း၊ ကျင့်ကြံဆင့်၊ မူလဝိညာဉ်ကို စုပ်ယူဖို့ အထူးတလည်လုပ်ထားတဲ့ မိစ္ဆာလမ်းစဉ်စေတီပဲ။ တကယ်လို့  စေတီထဲ ရှိသမျှအားနဲ့ ဖောက်ဝင်လာတဲ့ ဝူတိဂိုဏ်းရဲ့ ဆရာသခင်ယိချင်းကြောင့်သာ မဟုတ်ရင် အထက်ထျန်းလန်လောကက နတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့် ကျင့်ကြံသူအားလုံး စေတီထဲမှာ ပိတ်မိနေကြဦးမှာ။

အထက်ထျန်းလန်လောကလည်း သတင်းကြောင့် တုန်လှုပ်ကုန်တယ်။ အကျင့်ယုတ်မာမှုက အဲဒီမိစ္ဆာလမ်းစဉ်ကျင့်ကြံသူတွေထက်တောင် ပိုဆိုးတာပဲ။ သာမန်ကျင့်ကြံသူတွေက သူတို့ခန္ဓာကိုယ်ကို ပြန်လည်ပေါက်ဖွားလာတာ ဒါမှမဟုတ် သူတို့ကျင့်ကြံဆင့်ကို ပြန်ရရှိအောင်လုပ်နိုင်ပေမဲ့ သူတို့မူလဝိညာဉ် ဆုံးရှုံးသွားတာနဲ့ ထာဝရပျောက်ကွယ်သွားရတော့မှာ။ ပြန်လည်ဝင်စားဖို့အတွက်တောင် အခွင့်အရေးမရှိဘူး။

ပျင်းနေပြန်တဲ့ကိုယ့်ဆရာ (ဘာသာပြန်)Where stories live. Discover now