အခန်း ၁၈၃ ။ စုပေါင်းစွမ်းအင်

830 158 6
                                    

183

အခန်း ၁၈၃ ။ စုပေါင်းစွမ်းအင်

လေးနာရီအကြာ။

အရပ်ဆယ်မျက်နှာရွက်လှေက နောက်ဆုံးတော့ ကောင်းကင်အလွန်မှကောင်းကင်များဆီက ထွက်ခွာလာခဲ့ပြီး ချုံလန်တိုင်းပြည်ဆီ ဦးတည်ခဲ့တယ်။

"ဟေး" ကူယွဲ့က ထိုင်ခုံပေါ်ခွေပြီး သစ်သီးတမြုံ့မြုံ့ဝါးနေတဲ့ရွှံ့တုံးကို တံတောင်ဆစ်နဲ့တွတ်လိုက်တယ်။

"မင်းဒီတစ်ကြိမ် ဘာဖြစ်တာလဲ၊ မင်းက မင်းနဲ့လုံးဝမတူတော့သလိုပဲ - မင်းက ချန်ကောနဲ့ သူ့တပည့်ကို အဲလောက်အလွယ်လေး ခွင့်လွှတ်ပေးခဲ့တာပဲ"

သူမကို စိတ်အနှောင့်အယှက်ပေးတဲ့လူတွေကို အဲလိုမျိုးပုံမှန် သဘောထားကြီးမြတ်လို့လား။

"ငါက သူတို့ကို ဘာလို့ခွင့်မလွှတ်ရမှာလဲ" ရှန်းရင်က သူ့ကိုသံသယနဲ့ကြည့်လိုက်တယ်။

"သူ ဘာအမှားလုပ်မိလို့လဲ"

"ပြောဖို့လိုလို့လား..." သူမရဲ့ မှတ်ဉာဏ်ချို့ယွင်းမှုက နောက်တစ်ကြိမ် ရောဂါထလာသလိုမျိုး ကြည့်လိုက်မိတယ်။

"သူဘာလုပ်ခဲ့လို့လဲ"

"သူ..." ကူယွဲ့ စကားပြောနေရင်း ရုတ်တရက်ရပ်သွားခဲ့တယ်။ ကြည့်ရတာ ချန်ကောက တကယ်ကို ဘာမှမလုပ်ခဲ့သလိုပဲ။ အဲအစား အကြောင်းရင်းမရှိ ကူယွဲ့နဲ့ယိချင်းတို့ ထုထောင်းတာပါ ခံလိုက်ရသေးတယ်။

"ဟွေ့လင်... အဲကောင်မစုတ်လေးကို... မင်း သည်းမခံနိုင်ဘူးထင်နေတာ"

"ငါ သူ့ကိုသည်းမခံနိုင်ဘူးလို့ ဘယ်သူပြောလဲ"

"မင်းငါ့ကိုနောက်နေတာပဲဖြစ်ရမယ်" ကူယွဲ့ သူမကို ခေါင်းစခြေဆုံးကြည့်လိုက်တယ်။ သူမရဲ့ သူတော်ကောင်းလို စရိုက်က ဘယ်လိုလုပ် အခုမှ ပေါ်လာတာတုံး။

"ပင်မခန်းမမှာ သူ မင်းကို ဘာပြောခဲ့လဲမေ့သွားပြီလား၊ သူက မင်းဘယ်သူလဲဆိုတာကို အထင်မှားနေတာ အသိသာကြီး၊ နောက်တော့ တစ်ဦးတည်းသောမိန်းကလေးဧကရာဇ်ဖြစ်နေတာကို မနာလိုနေတာလေ၊ အဲဒါကြောင့် မင်းကိုစိန်ခေါ်ဖို့ကြိုးစားခဲ့တာပဲ၊ သူက မင်းကို အဇဋာဧကရာဇ်ရဲ့တပည့်ဆိုတဲ့ နာမည်နဲ့ ခြိမ်းခြောက်ဖို့ကြိုးစားတာလေ"

ပျင်းနေပြန်တဲ့ကိုယ့်ဆရာ (ဘာသာပြန်)Where stories live. Discover now