အခန်း ၁၆၀ ။ ဧကရာဇ်ငယ်ဖြစ်လာခြင်း

853 142 1
                                    

160

အခန်း ၁၆၀ ။ ဧကရာဇ်ငယ်ဖြစ်လာခြင်း

ယိချင်းက တင်ပျဉ်ခွေထိုင်ပြီး ဧကရာဇ်ဖြစ်လာဖို့ အသင့်ပြင်လိုက်တယ်။ သူမျက်လုံးပိတ်ပိတ်ချင်း မသေမျိုးချီတွေပေါက်ကွဲလာတာကို ခံစားမိလိုက်တယ်။ သူ့ပတ်လည်က‌တိမ်တိုက်တွေက အပေါ်ကိုပျံတက်သွားပြီး မျက်စိကျိန်းစရာ အလင်းတန်းဖြူကြီးက ကောင်းကင်ကနေ သူ့ကိုယ်ပေါ် လင်းထိန်ကျလာတယ်။

မသေမျိုးချီကထူသထက်ထူလာတာ ယိချင်းတစ်ကိုယ်လုံး ဖိအားခံစားရတဲ့အထိပဲ။ သူ နောက်ကို တွန်းထုတ်ခံလိုက်ရသလိုပဲ။ မထိန်းမချုပ်နိုင်အောင် ဒါကိုမြင်ဖူးတဲ့အမတအစောင့်ကတော့ ဘာလုပ်ရမလဲ အတိအကျ သိတာပေါ့။ ဘယ်ကနေမှန်းမသိ အစီအရင်တစ်ခုပေါ်လာပြီး သူ့ကိုယ်သူ၊ ရှန်းရင်နဲ့ ကူယွဲ့ကို ကာကွယ်ပေးလေတယ်။

စင်မြင့်ပေါ်က မသေမျိုးချီက ပိုပိုထူလာဆဲပဲ။ ရွှေရောင်အလင်းတန်းအောက်မှာ ယိချင်းရဲ့အရှိန်အဝါက သူတို့မျက်စိရှေ့မှောက်မှာတင် ကျယ်ပြန့်လာသလိုပဲ။ ကူယွဲ့ ‌ကောင်းကင်အလင်းတန်းက သူမသေမျိုးတက်လှမ်းတုန်းက မြင်ခဲ့ရတာနဲ့ဆင်မှန်း သတိထားမိသွားခဲ့တယ် ဒီအချိန်က ပိုပြင်းထန်ရုံပေါ့။ အလင်းနဲ့တူတူလာတဲ့ ဖိနှိပ်မှုက ကြောက်ခမန်းလိလိ။ အစီအရင်ထဲမှာတောင် သူတို့ရင်ဘတ်ကနေ သက်ရောက်မှုကို ခံစားနေရတုန်းပဲ။

အမတအစောင့်ပြောတာမှန်တယ် - ဧကရာဇ်တက်လှမ်းမှုစင်မြင့်က ကျင့်ကြံဆင့် ရောက်တဲ့သူတွေအတွက်ပဲ ‌ပေးတဲ့ဦးစားပေးအခွင့်အရေးဆိုတာ။ ‌ဝဋ်ကြွေးချေမှု မရှိတဲ့အပြင် ကျင့်ကြံမှုကိုလဲ ချက်ချင်း တိုးမြှင့်နိုင်တယ်။ တစ်ခုပဲ... ကောင်းကင်နဲ့မြေကြီးရဲ့ ဖိနှိပ်မှုကို ခံနိုင်ရည်ရှိဖို့ အတော်လေး အင်အားကြီးဖို့လည်းလိုတယ်။ ကူယွဲ့ တောင့်မခံနိုင်သေးမှန်း သူ့ကိုယ်သူသိတယ်။

ဟမ့် ဒီcheatတစ်သိုက်ကတော့

"အဲဒါဘာလဲ" ရှန်းရင် ကောင်းကင်ကို မော့ကြည့်လိုက်တယ်။

"ဘာကြီးလဲ" ကူယွဲ့ သူမနောက်ကနေ လိုက်ကြည့်လိုက်တယ်။ သူတို့ ဘယ်ချိန်က ရောင်စုံတိမ်တိုက်တစ်ခုက ကောင်းကင်ထဲ ပေါ်လာလဲ မသိလိုက်ဘူး။ အထဲမှာတော့ တစ်ခုခု တောက်ပနေတယ်။

ပျင်းနေပြန်တဲ့ကိုယ့်ဆရာ (ဘာသာပြန်)Where stories live. Discover now