အခန်း ၁၅၉ ။ ကောင်းကင်အလွန်မှကောင်းကင်များ

979 152 1
                                    

159

အခန်း ၁၅၉ ။ ကောင်းကင်အလွန်မှကောင်းကင်များ

ကြက်ကင်အစ်မနဲ့ယှဉ်ရင် ယိချင်းသက်သာလာတာ ပိုမြန်တယ်။ သူလိုတာက နည်းနည်းလေးပိုနားရုံပဲ။ သူသာ ဧကရာဇ်တက်လှမ်းအဆင့်ကိုဖြတ်သန်းပြီး ဧကရာဇ်ငယ်အဆင့်ထိ ကျင့်ကြံဆင့်တိုး သွားခဲ့မယ်ဆိုရင် သူ့ကိုယ်မှာ မ‌သေမျိုးချီ ပေါလာမှာမို့ ပျောက်ကင်းတာပိုမြန်နိုင်တယ်။

ဧကရာဇ်တက်လှမ်းစင်မြင့်ကလည်း ကောင်းကင်အလွန်ကောင်းကင်များဆီမှာရှိနေတာနဲ့ တိုက်ဆိုင်သွားတယ်။ ဖြစ်ချင်တော့ အစွန်းနှစ်ဖက်မှာ ရှိနေတာ။ သူ အနှေးနဲ့အမြန် အဲနေရာကို သွားရမှာဆိုတော့ အားလုံး ကောင်းကင်အလွန်မှကောင်းကင်များဆီ တူတူသွားဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ရှန်းရင်နဲ့ယိချင်းကတော့ အမတတက်လှမ်းမှုစင်မြင့်ဆီသွားဖို့ အုပ်စုကနေ သီးခြားခွဲထွက်မယ်ပေါ့။ ကြက်ကင်အစ်မနဲ့ ဖုန်းယင်ကတော့ ဝူဟုန်နဲ့ပြောင်ထင်နောက်လိုက်ပြီး ခြောက်သွေ့လဝက်ကို သွားယူမယ်။

သူတို့ ဝူတိဂိုဏ်းကနေ ထွက်လာတာနဲ့ မိစ္ဆာအမတနှစ်ယောက်လည်း နောက်ဆုံးတော့ နည်းနည်း စိတ်သက်သာရာရသွားခဲ့ပြီ။ ကောင်းလိုက်တာ - သူတို့အသက်ရှင်နေသေးတယ် သူတို့လဝက်ကျော် စိုးရိမ်နေခဲ့ရပေမဲ့ အခုတော့ နောက်တစ်ခေါက် အသက်ပြန်ရှုနိုင်ပြီ။

ကံကောင်းလို့ သူတို့က ရှန်းရင်အတွက် အသုံးဝင်သွားတာ။ မဟုတ်ရင် သူတို့ကိုယ်သူတို့ ကြီးမြတ်တဲ့နတ်သမီးရဲ့စားပွဲမှာ မြင်နေရလောက်ပြီ။ နှစ်ယောက်သား အပျော်လွန်နေကြလို့ ဖုန်းယင်နဲ့ ချီချန်းယွီကိုပါ အင်မတန်ကြင်နာစွာနဲ့ ဆက်ဆံကြတော့တယ်။ သူတို့ကို လမ်းတစ်လျှောက်အဖော်ပြုဖို့ ထိပ်တန်းအဆင့်အမတလက်နက်တွေ ပြရုံတင်မကဘူး၊ ပျင်းပြီးမသေအောင် ကောင်းကင်အလွန်မှ ကောင်းကင်များအကြောင်းကိုပါ ရှင်းပြဖြစ်တယ်။

"အမတရောင်းရင်းတို့ ပင်‌ပန်းနေပြီလား၊ တစ်‌ခဏလောက်နားကြမလား၊ ဒီကနေ ကောင်းကင်အလွန်မှကောင်းကင်များဆီ သွားဖို့ ၂ ရက်လောက်ကြာဦးမယ်၊ ကျုပ်တို့ အလျင်လိုစရာလုံးဝမလိုပါဘူး"

ပျင်းနေပြန်တဲ့ကိုယ့်ဆရာ (ဘာသာပြန်)Where stories live. Discover now