အခန်း ၁၃၀ ။ အမြစ်ပြတ်သုတ်သင်ခံရမှုအန္တရာယ်

903 169 1
                                    

130

အခန်း ၁၃၀ ။ အမြစ်ပြတ်သုတ်သင်ခံရမှုအန္တရာယ်

"ဂိုဏ်းချုပ်ရှန်း" ကလေးအသံက ပိုနူးညံ့ပြီး ညင်သာလာပြန်တယ်။ သူက အတော်လေး စိတ်လှုပ်ရှားနေပုံပဲ။

"ကျွန်တော်က ချန်ကောပါ၊ မြန်မြန် ကျွန်တော့်ခန္ဓာကိုယ်ထဲက ဒီနတ်ဆိုးကိုဖယ်ထုတ်ဖို့ ကူညီပေးပါ၊ ကျွန်တော့်ကိုယ်ပိုင်စိတ်နတ်ဆိုးတွေနဲ့ တစ်သားတည်းဖြစ်လာတာ၊ ကိုယ့်ဘာသာရှင်းထုတ်လို့မရဘူး"

"ချန်ကောလား"

ရှန်းရင်က အူကြောင်ကြောင် သူ့ကိုစိုက်ကြည့်နေတယ်။

"နင်ကဘယ်သူလဲ"

အဇဋာဧကရာဇ် ချန်ကော ။ ။ "..."

ငါက ဘယ်လိုပဲဖြစ်ဖြစ် ဒီတိုက်ကြီးတစ်ခုလုံးရဲ့ ပိုင်ရှင်ပါ။ အဲလောက်တောင် ငါက နာမည်မကြီးတာလား။

"ဟားဟားဟား...." ရှင်းပြမို့ပဲရှိသေး အသံက ပြောင်းသွားပြီး အရူးလိုရယ်တော့တယ်။

"ဒီမြေအမတက ငါ့ကို တားနိုင်တယ်လို့များထင်နေလား၊ ငါတို့က အခုနတ်ဆိုးဘုံထဲ ရောက်နေတယ်ဆိုတာ မမေ့နဲ့ဦး၊ သူ့ကိုယ်သူတောင် မကာကွယ်နိုင်လောက်ဘူး၊ ‌မြေအမတတစ်‌ယောက်က သာမန်နတ်ဆိုးကိုတောင် မကိုင်တွယ်နိုင်တာ ဒီဘုံထဲက နတ်ဆိုးဘုရင်ဆို ပို‌ဆိုးသေး"

"နတ်ဆိုးဘုရင်လား၊ သူ့ကိုပြောတာလား" ရှန်းရင် ဘေးကိုဖယ်ပြီး သူ့နောက်မှာ စာကလေးလို ကြောက်လန့်စွာ ပုန်းနေတဲ့ နတ်ဆိုးကို ရှေ့ဆွဲခေါ်လိုက်တယ်..။

စိတ်နှစ်မျိုး ။ ။ "..."

Σ(°△°|||)

"အနက်လေး၊ သူ ဘာဖြစ်တာလဲ ကြည့်ကြည့်" ကလေးက ဟိုတစ်နေ့ကတောင် အဆင်ပြေပုံပါ။ ဘယ်လိုလုပ် ရုတ်တရက် အခု စိတ်ခွဲတစ်မျိုး ရှိသွားတာလဲ။

"ဟုတ်ကဲ့ ကြီးမြတ်တဲ့ နတ်ဒေဝါ ပြဿနာမရှိပါဘူး ကြီးမြတ်တဲ့နတ်ဒေဝါ"

နတ်ဆိုးဘုရင်က ဝတ်ရုံကို ဆွဲတင်ပြီး ကလေးဆီ လျှောက်လာလိုက်တယ်။ မနေနိုင်ဘဲ သူ တခြားဘုံဆီရောက်တဲ့ တံခါးဆီ လှမ်းကြည့်မိလိုက်တယ်။

ပျင်းနေပြန်တဲ့ကိုယ့်ဆရာ (ဘာသာပြန်)Where stories live. Discover now