အပိုင်း ၂၃ ။ အင်မတိအင်မတန်တုံးအခြင်းမှ ကာကွယ်ခြင်း

1.1K 170 3
                                    

Myanmar Translation of [师父又掉线了] By [尤前]
ဘာသာပြန်သူ - TJ

အပိုင်း  ၂၃ ။ အင်မတိအင်မတန်တုံးအခြင်းမှ  ကာကွယ်ခြင်း

ချီချန်းယွီခမျာ အားမရှိတော့သလိုခံစားရတယ်။ သူမ ရှေ့က လူကို ခေါင်းစခြေဆုံးကြည့်လိုက်မိရဲ့...။

"နင်ခုထိဘယ်လိုအသက်ရှင်လာသေးတာလဲ"

ဒီလို ခပ်အအ လူတစ်ယောက်ကို မဟူရာကောင်းကင်ဂိုဏ်းကလက်ခံမယ်မယုံနိုင်ဘူး။ ဂိုဏ်းက ကန်းနေတာများလား..။

"ဟင်..." သူမက ရှန်းရင် ခန္ဓာကိုယ်ပတ်ပတ်လည်မှာ ဝိညာဉ်ချီတွေ ရှိမရှိထပ်စစ်ဆေးကြည့်လိုက်တယ်။

"နင်က တကယ့်ကိုသေမျိုးပဲ"

အစတုန်းကတော့ သူမ ဒဏ်ရာတွေကြောင့်မို့ ရှန်းရင်ရဲ့ကျင့်ကြံဆင့်ကို စမ်းမရဘူးထင်ခဲ့တာ အခုတော့ ရှန်းရင်က ဝိညာဉ်ချီတစ်စက်လေးတောင် မရှိတဲ့သေမျိုးတစ်ယောက်ဖြစ်မယ်လို့ ချီချန်းယွီမထင်ခဲ့ဘူး။ မဟူရာကောင်းကင်ဂိုဏ်းက အစေခံတွေတောင် ကျင့်ကြံကြတယ်။ ဒါပေမဲ့ သူမကတော့ ချီအရိပ်အငွေ့အသက်လေးတောင် မရှိဘူး။  အကျော်အမော်ဂိုဏ်း မဟူရာကောင်းကင်ဂိုဏ်းမှာ ရောက်နေပေမဲ့ လေ့ကျင့်လို့ မရရှာဘူး။ အော် သူလည်းသနားဖို့ကောင်းတဲ့လူပဲ...။

ဒီအတွေးကြောင့် ချီချန်းယွီ ဒေါသတော်တော်လေး ပြေသွားတယ်။ ဒါပေမဲ့ တစ်ဖက်လူကတော့ ရစ်ငှက်အမွေးတွေကို နှုတ်ရင်း အလုပ်ရှုပ်နေရှာတယ်။ မကြာခင်ပဲ လရောင်ထွက်လာတာနဲ့အတူ အရောင်စုံငှက်မွေးတွေကအရောင်ပြန်ပြီး သက်တန့်ပုံစံ အလင်းပြန်လာတယ်။

တစ်ခုခုတော့မှားနေပြီ- အမွေးတွေက တကယ်အလင်းတွေထွက်နေတာဟ။

Σ(っ°Д°;)っ

"ခဏ"

ချီချန်းယွီက အမွေးနုတ်နေတဲ့ တစ်ဖက်လူရဲ့လက်ကို အမြန်ဆွဲလိုက်ပြီး ငှက်နှစ်ကောင်ကို အနီးကပ် ကြည့်လိုက်တယ်။ သူမ မျက်ဝန်းတွေက အံ့သြမှုကြောင့် ပြူးကျယ်သွားတယ်။

"ဒါ...ဒါတွေက အဆင့်ငါး ဝိညာဉ်သားရဲတွေ- မင်လျဲ့တျဲ့ယွဲ့လျန်... နင်သူတို့ကိုဘယ်မှာရှာတွေ့တာလဲ"

ပျင်းနေပြန်တဲ့ကိုယ့်ဆရာ (ဘာသာပြန်)Where stories live. Discover now