အခန်း ၁၁၉ ။ နျိုစတိုင်လိမ့်လုံး

964 157 1
                                    

119

အခန်း ၁၁၉ ။ နျိုစတိုင်လိမ့်လုံး

ယိချင်း အလင်းတန်းဆီ ‌တည့်တည့်ဝင်လာခဲ့တယ်။ စောနတုန်းက ခက်ထန်နေတဲ့ ဓားချီက သောင်းကျန်းတာ နည်းနည်းလျော့လာတယ်- ယိချင်းကိုတော့ အန္တရာယ်ပြုပုံမပေါ်ဘူး။ အဲအစား အလင်းတန်းက ယိချင်းဝင်လာချိန် ပွေ့ဖက်လေတယ်။ ယိချင်း ကလေးဆီလျှောက်လာပြီး သူ့ဘေး ပုလ္လင်တင်ခွေထိုင်ချလိုက်တယ်။ ပိုပြီးအားကောင်းတဲ့ ဓားချီက သူ့ကိုယ်ထဲကထွက်လာပြီး ကြီးမားတဲ့နဂါးဖြူတစ်ကောင် ပေါ်လာတော့တယ်။ နဂါးက အလင်းတန်းဖြူကို ပတ်နေပြီး ကောင်းကင်ဆီ ပျံတက်သွားတယ်။ အချိန်အနည်းငယ်မှာတင် အလင်းတန်းက တဖြည်းဖြည်းပါးလာပြီး အားနည်းသွားခဲ့တယ်။

ပေါင်ဖေးဖျင်ရဲ့ပူပန်နေတဲ့စိတ်လည်း နောက်ဆုံးတော့ ပြေလျော့သွားခဲ့တယ်။ ဒီတစ်ကြိမ်တော့ နတ်ဆိုးတိုက်ခိုက်မှုတွေက ကောင်းချီးပေးမှုပဲ။ ဒီလောက်နှစ်တွေ ခက်ခက်ခဲခဲ ဓားကျင့်ကြံသူကိုရှာခဲ့ပြီးတဲ့နောက်မှ တစ်ယောက်ကသူ့တံခါးရှေ့ကို လိုလိုလားလားလျှောက်လာမယ်မထင်ခဲ့ဘူး။ ဒါက ရှောင်အန်း‌က ငယ်ငယ်နဲ့သေဆုံးရဖို့ ကံမပါလာဘူးဆိုတာ သက်သေပြနေတာပဲ။

"ကျေးဇူးပြုပြီး မစိုးရိမ်ပါနဲ့ မြို့အရှင်" ကူယွဲ့ သူ့ကို အာမခံလိုက်တယ်။ မျက်လုံးကတော့ တလက်လက်တောက်ပနေ‌တာပေါ့။ သူက မြို့အရှင်နားကပ်ပြီး ဆက်ပြောတော့တယ်။

"ကျုပ်သူငယ်ချင်းကောင်းက ဘာပဲလုပ်လုပ်အရမ်းအားကိုးရပါတယ်၊ ခင်ဗျားကလေး ‌အဆင်ပြေသွားမှာပါ၊ ကျုပ်သူငယ်ချင်းက သူ့ဓားချီကို ရှင်းထုတ်ဖို့ အချိန်ပဲလိုတာပါ၊ ခင်ဗိားတို့ နှစ်ယောက်က စောနက နတ်ဆိုးတွေနဲ့ တိုက်ပွဲမှာ ပြင်းပြင်းထန်ထန်ဒဏ်ရာရထားတော့ အနားယူသင့်ပါတယ်"

ပေါင်ဖေးဖျင်က စက္ကန့်နည်းနည်းတုံ့ဆိုင်းနေပြီးမှ တုံ့ပြန်လေတယ်။ သူက ကူယွဲ့ဘယ်ဘက်မှာရပ်နေတဲ့ လူကို လှမ်းကြည့်ပြီး ရုတ်တရက် ဖြူဖျော့သွားကာ အရှေ့ကိုပြေးတက်လာခဲ့တယ်။

"အဖေ အဆင်ပြေရဲ့လား"

"ငါအဆင်ပြေပါတယ်" အမ

ပျင်းနေပြန်တဲ့ကိုယ့်ဆရာ (ဘာသာပြန်)Onde histórias criam vida. Descubra agora