အခန်း ၁၆၂ ။ ဇာတ်ကောင်ထိန်းညှိခြင်း

928 157 1
                                    

162
အခန်း ၁၆၂ ။ ဇာတ်ကောင်ထိန်းညှိခြင်း

"အဲလိုဆုံးဖြတ်လိုက်ပြီ ကျွန်မလက်အောက်မှာ ဘယ်လိုပဲဖြစ်ဖြစ် တပည့်မှ မရှိတာ၊ ဒီကလေးမကို တပည့်အဖြစ် လက်ခံလိုက်မယ်"

"မဖြစ်နိုင်တာ" ကူယွဲ့က အံ့ဩတကြီး ငြင်းလိုက်တယ်။

"ဘာလို့လဲ"

"ကျင့်ကြံနည်းကြောင့်တင်မဟုတ်ဘူး" ကူယွဲ့ မျက်မှောင်ကြုတ်လိုက်တယ်။ ကိစ္စတွေက ဇာတ်ညွှန်းအတိုင်း မဖြစ်ဘူးဆိုပေမဲ့ ဇာတ်လမ်းထဲကအတိုင်း ဖြစ်မလာသေးဘူးလို့ မဆိုနိုင်ဘူး။ သူ ဇာတ်လိုက်မင်းသမီးကို ဇာတ်ညွှန်းအကြောင်းမသိတဲ့ချီချန်းယွီဆီ စိတ်မချဘူး။ အထူးသဖြင့် ကလေးမက ကံဆိုးမှုကြောင့် ခံစားနေရသေးတဲ့အချိန်မို့ပဲ။

"သူက... အတော်လေးထူးခြားတယ်၊ မင်း သူ့ကိုလေ့ကျင့်ပေးလို့ရပေမဲ့ တပည့်အဖြစ်တော့ လက်ခံလို့မရဘူး"

"ထူးခြားတယ်လား" ချီချန်းယွီ တန့်သွားတယ်။

"ဘာထူးခွားတာလဲ"

ကူယွဲ့တိတ်နေဆဲ။ ကလေးမက ချီချန်းယွီကိုသေစေနိုင်တဲ့ ဇာတ်လိုက်မင်းသမီးလို့ ပြောလို့ကမရ။

"သူ... သူ..."

"သူ့ကိုယ်ထဲ နတ်ဆိုးအစေ့ရှိတယ်" ရှန်းရင်က ရုတ်တရက် ပြောလာတယ်။

ဘာ။

လူတိုင်း ထိတ်လန့်တကြားနဲ့ သူမကို လှည့်ကြည့်ကြတော့တယ်။

"ဘာ" ကူယွဲ့က ရှန်းရင်လက်ထဲက အသီးကိုဆွဲလုလိုက်တယ်။

"ဘာနတ်ဆိုးအစေ့လဲ၊ မင်းဘယ်လိုသိတာလဲ"

"ငါမြင်ခဲ့တာ"  ရှန်းရင် ခေါင်းလေးစောင်းလိုက်တယ်။

"ဘာလို့အရင်ကမပြောတာလဲ"

"မေးမှမမေးတာ"

"..." ငါ့ဓားဘယ်မှာတုံး။

"သူ့နဖူးပေါ် ကြာပန်းအမှတ်အသားရှိနေတာ မဟုတ်လား" ရှန်းရင် နောက်ထပ်အသီးတစ်လုံးယူပြီး ကိုက်လိုက်တယ်။

"နင်သိမယ်ထင်နေခဲ့တာ"

"ဒါနဲ့ဘာဆိုင်..." ကူယွဲ့ ပြောနေရင်းရပ်သွားပြီး တစ်ခုခုအရေးကြီးတာကို ပြန်စဉ်းစားမိသွားတယ်။ ရုတ်တရက် သူ့မျက်လုံးတွေ ပြူးကျယ်သွားတယ်။

ပျင်းနေပြန်တဲ့ကိုယ့်ဆရာ (ဘာသာပြန်)Where stories live. Discover now