အခန်း ၉၆ ။ ဝိညာဉ်သခင်ပိုင်ဇယ်

1K 162 5
                                    

96

အခန်း ၉၆ ။ ဝိညာဉ်သခင်ပိုင်ဇယ်

ရိုက်သံအကျယ်ကြီးနဲ့အတူ ရှန်းရင်လက်ဝါးက သားရဲကြီးရဲ့ခြေထောက်ပေါ် ဆင်းသက်သွားတယ်။ သားရဲက ဟန်ချက်ပျက်ပြီး ဘန်းခနဲ အသံကျယ်ကြီးနဲ့အတူ မြေကြီးပေါ်လဲကျသွားပါလေရော။

ရိဖုန်းက ရှန်းရင်ကိုမမြင်လိုက်ဘဲ အောင်ပွဲခံတော့တယ်။ သူ သားရဲကြီး ဘယ်လိုပြိုလဲသွားလဲ မသေချာပေမဲ့ ဒါက သူ့အခွင့်အရေးပဲ။

သူချက်ချင်း စည်းတံဆိပ်တစ်ခု ပုံဖော်ပြီး ကျန်တဲ့ အင်းကွက်တွေကို သုံးလိုက်တယ်။ အင်းကွက်ကားချပ်ကြီးတစ်ခုက လေထဲပေါ်လာပြီး သူ့ရွှေရောင်ဓမ္မအသုံးအဆောင်က စာလုံးတွေက ကားချပ်ကြီးထဲ စီးဆင်းနေတယ်။ ကားချပ်ကြီးတစ်ခုလုံးက သားရဲဆီ ဖြည်းဖြည်းချင်း ဆင်းသက်လာခဲ့တယ်။

ဒေါသတကြီးဟိန်းဟောက်နေတဲ့ သားရဲက ဖြည်းဖြည်းချင်း တိတ်သွားပြီး အားနည်းလာတယ်။ သူ့မျက်ခွံတွေက မျက်ဝန်းနီကြီးတွေပေါ် မှိတ်ကျသွားတယ်။ အင်းကွက်က သားရဲနားနီးကပ်လာတော့ မျက်လုံးတွေက လုံးဝမှိတ်ကျသွားခဲ့တယ်။ အင်းကွက်က သူ့မျက်လုံးပေါ် ဆင်းသက်သွားပြီ။

ရုတ်တရက် သားရဲက ပါးစပ်ဟလာပြီး အင်းကွက်ကို ကိုက်တော့တယ်။ ဗျိခနဲအသံကြီးပေါ်လာပြီး အင်းကွက်က အစိတ်စိတ်အမြွှာမြွှာ ပြဲကာ ပျောက်ကွယ်သွားတယ်။ တိမ်တိုက်သယ်ပိုးသားရဲက နောက်တစ်ကြိမ် မျက်စိပွင့်လာပြီး စောနကထက်တောင် ဒေါသထွက်ပုံပေါ်နေပြီ။ ရိဖုန်းဆီ ပါးစပ်ကနေ အပ်တွေ ပစ်လွှတ်တော့တယ်။

ရိဖုန်းလည်း ပြန်ဆုတ်ရပြီး သူ့ဘက်ဦးတည်နေတဲ့ အဆိပ်အပ်တွေကို ရှောင်ရတော့တယ်။  သူ နောက်ထပ်တိုက်ခိုက်မှုကို ပြင်နေတုန်း တိမ်တိုက်သယ်ပိုးသားရဲက သူ့ကိုဆက်တိုက်ခိုက်ဖို့ ရည်ရွယ်ချက်မရှိဘဲ လှည့်ထွက်သွားတယ်။ အရှေ့တောင်ဘက်ကို မျက်နှာမူ ဟိန်းဟောက်ကာ မြေကြီးကို ကိုက်တော့တယ်။

"ဂိုဏ်းချုပ်ရှန်း" ရိဖုန်း သူမ အင်းကွက်အစီအရင်အလယ်မှာ ရပ်နေသေးတာမြင်တော့ ထိတ်လန့်သွားကာ လှမ်းအော်လိုက်တယ်။

ပျင်းနေပြန်တဲ့ကိုယ့်ဆရာ (ဘာသာပြန်)Where stories live. Discover now