အခန်း ၁၄၁ ။ မီး‌တောင်ဓားသင်္ချိုင်း

954 160 0
                                    

141

အခန်း ၁၄၁ ။ မီး‌တောင်ဓားသင်္ချိုင်း

ဟဲ... ဟဲဟဲ... ဟဲဟဲဟဲ...။

ရွှင်ရှူး ခြောက်ကပ်ကပ်ရယ်လိုက်တယ်။ စက္ကန့်နည်းနည်းကြာတော့ သူက အထစ်ထစ်အငေါ့ငေါ့နဲ့ ပြောတော့တယ်။

"ဘယ်... ဘယ်လိုလုပ်... ဒီနေရာကိုရောက်ဖူးမှာလဲ၊ ဟားဟား ငါ... ကခန့်မှန်းနေတာလေ၊ ဟုတ်တယ်၊ ငါခန့်မှန်းနေရုံပဲ၊ ဟဲဟဲဟဲ..."

သုံးယောက်သား သူ့ကို အူကြောင်ကြောင် ကြည့်နေပြီးတော့ ပြိုင်တူ "အော်..." ဆိုပြီး ပြန်ဖြေလေတယ်။

ရွှင်ရှူး ။ ။ "..." "အော်" ဆိုတာ ဘာအဓိပ္ပာယ်လဲ။

သူတို့ သူ့ကိုယုံတာလားမယုံတာလား။ ရွှင်ရှူး ရင်ထဲ သွေးပျက်မှုက မြင့်တက်လာတယ်။ ငါတော့သွားပြီ၊ ငါတော့သွားပြီ။ ငါပေါ်သွားပြီလား

"သွားကြစို့" ရှန်းရင်က ရုတ်တရက် ရှေ့တက်လာတယ်။

ဟမ်။

"ဒါဝင်ပေါက်လို့ နင်ပြောတယ်မဟုတ်လား" သူမက ယိချင်းနဲ့ ကူယွဲ့ကို နောက်ကလိုက်ခဲ့ဖို့ အမူအရာပြပြီး မုခ်ခုံးဆီလျှောက်လာခဲ့တယ်။

"စားဖိုမှူး၊ ဖေဖေနျို သွားကြရအောင်"

သူမက မုခ်ခုံးကိုဖြတ်သွားတော့ နှစ်ယောက်သားက အကြည့်ချင်းဖလှယ်ပြီး လိုက်သွားကြတယ်။

သူတို့ မယုံကြည်နိုင်ဖြစ်နေတဲ့ ရွှင်ရှူးကိုချန်ထားခဲ့လေရဲ့။ အဲဒါ... ပဲလား။ သူတို့ သူ့ကိုထပ်မမေးကြတော့ဘူးလား။ ရုတ်တရက် အဖြစ်အပျက်တွေရဲ့ ဒီအချိုးအကွေ့အပေါ် သူအတော်လေးစိတ်ပျက်သွားတယ်။

သူ မုခ်ခုံးကိုဖြတ်နေပြီဖြစ်တဲ့ လူသုံးယောက်ကို လှမ်းကြည့်လိုက်တယ်။

လက်သီးဆုပ်ပြီး သူ သူတို့နောက်ကနေလိုက်ခဲ့တယ်။

သူ ဝင်ပေါက်‌ကဖြတ်ဖြတ်ချင်း သူတို့ရှေ့က ရှုခင်းက ကန့်လန့်ကာလိုမျိုး ပွင့်လာတယ်။ မြင်ကွင်းက လုံးဝပြောင်းလဲသွားလေရဲ့။ တောက်လောင်ပူမြနေတဲ့ အငွေ့အသက်က သူတို့‌ဆီ ပြေးဝင်လာတယ်။ နေရာအနှံ့မှာ သွေဖည်ကျောက်ရည်ပူတွေရှိနေပြီး အပူချိန်ကမြင့်လွန်းလို့ဇ‌ယားအပြင်တောင်ထွက်နေပြီ။ သူတို့ကြည့်ရတဲ့ နေရာတိုင်းမှာ လောင်ကျွမ်းနေတဲ့ မြေဆီလွှာတွေ။ မီးတောင်ကြီးတစ်ခုက မြင့်လွန်းလို့ ကောင်းကင်နဲ့မြေကြီးကိုဆက်ထားတဲ့ပုံ။ နေရာအနှံ့မှာ ဓားတွေ မြေကြီးထဲစိုက်နေလို့ လမ်းလျှောက်ဖို့နေရာဆိုတာ မရှိသလောက်။ မီးတောင်လို့ခေါ်တာထက် ပိုခေါ်သင့်တာက...။

ပျင်းနေပြန်တဲ့ကိုယ့်ဆရာ (ဘာသာပြန်)Where stories live. Discover now