အခန်း ၈၈ ။ အတိဒုက္ခအဆင့်နှစ်ဆင့်ကို ဖြတ်ကျော်ခြင်း

1K 148 0
                                    

88
အခန်း ၈၈ ။ အတိဒုက္ခအဆင့်နှစ်ဆင့်ကို ဖြတ်ကျော်ခြင်း

ယိချင်းနဲ့ ကူယွဲ့တို့ မျိုးနွယ်စုခေါင်းဆောင်သုံးယောက်နဲ့အတူ ပြန်ဆုတ်ရင်း တိုက်ခိုက်သူတွေကို ခုခံရတော့တယ်။ အချိန်တွေကုန်ဆုံးလာပြီ။ စေတီထဲ ဘယ်လောက်အချိန်ကြာသွားလဲတောင် မသိတော့ဘူး။ နောက်ဆုံးမှာတော့ သူတို့ရဲ့ သွေးကြောတွေကို ထိန်းညှိဖို့ အခွင့်အရေးရသွားခဲ့တယ်။ ဒါပေမဲ့ မျိုးနွယ်စုခေါင်းဆောင်သုံးယောက်ရဲ့ အခြေအနေကဆိုးနေတယ်။ တစ်စိတ်တစ်ပိုင်းက သူတို့နိုးလာချိန် ရသွားတဲ့ ဒဏ်ရာတွေကြောင့် ဆိုပေမဲ့ အဓိကကတော့  စိတ်နတ်ဆိုးအတိဒုက္ခ ဓမ္မဂါထာထဲ ပိတ်လှောင်သွားခဲ့တာ အင်မတန် ကြာညောင်းသွားခဲ့လို့ပဲ။ သူတို့ရဲ့ အုတ်မြစ်တွေ ထိခိုက်ကုန်တယ်။ သူတို့ကိုယ်ထဲက ဝိညာဉ်ချီတွေအားလုံး လွင့်ပျယ်လုနီးပါးဖြစ်နေပြီ။ ထူးဆန်းတာက သူတို့ကိုယ်ထဲ ဝိညာဉ်ချီတွေတောင် ဆွဲသွင်းလို့မရတာပဲ။

ပတ်ပတ်လည်ကချီတွေက ထူထဲလွန်းလို့ အကောင်အထည်မြင်ရလုနီးပါးပဲ။ ဒါပေမဲ့ သူတို့ကိုယ်ထဲ လမ်းညွှန်လို့မရတဲ့ အတုအယောင်ချီဖြစ်ပုံပဲ။ ဒါကြောင့် သူတို့ ဒဏ်ရာ သက်သာလာဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ချီပေါ်မှာ ကန့်သတ်မှုတစ်မျိုးမျိုး ထားထားတာဖြစ်ရမယ်လို့ ကူယွဲ့ ခန့်မှန်းမိလိုက်တယ်။

"ဘယ်လိုလုပ်ကြမလဲ" ကူယွဲ့ စိတ်ရှုပ်နေပြီ။

"ဒီလိုသာ ဆက်သွားနေရင် သူတို့ စိတ်နတ်ဆိုးတွေ ပိတ်လှောင်တာမခံရရင်တောင် ချုံးချုံးကျသွားလိမ့်မယ်"

"ဒီမျိုးနွယ်စုခေါင်းဆောင်တွေ ဘယ်လိုတွေးလဲပေါ် မူတည်တယ်မလား"

ယိချင်း သွေးကြောတွေကို ထိန်းညှိဖို့ ‌မြေကြီးပေါ်ထိုင်နေတဲ့လူတွေကို လက်ညှိုးထိုးလိုက်တယ်။

လူသုံးယောက်က သူ့ကို အံ့ဩတကြီး ကြည့်လိုက်ကြတယ်။

"ခင်ဗျားဘာဆိုလိုတာလဲ ဆရာသခင်"

"သူတို့‌တွေက ခင်ဗျားတို့မိသားစုတွေရဲ့ ခရီးသွားမသေမျိုးတွေ၊ တချို့သူတွေက သူတို့ စိတ်နတ်ဆိုးတွေ ပိတ်မိနေကြဆဲဖြစ်ပြီး အသိစိတ်ပျောက်..." ယိချင်း စကားကို အဆုံးမသတ်ဘဲ ထားလိုက်တယ်။

ပျင်းနေပြန်တဲ့ကိုယ့်ဆရာ (ဘာသာပြန်)Where stories live. Discover now