အခန်း ၇၉ ။ ဝူတိဂိုဏ်း၏ဆရာ

1K 161 3
                                    

79

အခန်း ၇၉ ။ ဝူတိဂိုဏ်း၏ဆရာ

"ဘာကိစ်စလဲ"

"ယွီမိသားစုပါ" ယွီဟုန်က ရှေ့တက်လာတယ်။ သူမရဲ့ဒဏ်ရာက ရွှမ်းယွမ်ယွီဆီကနေ ရခဲ့တဲ့ ဆေးတွေကြောင့် အပြန်လမ်းမှာ သိသိသာသာ သက်သာသွားပြီ။ သူမ ယွီမိသားစုဖြစ်သွားခဲ့တာကို အသေးစိတ် ရှင်းပြလိုက်တယ်။ မုန်လာဥရဲ့ သစ်ရွက်တွေက သူမကို ကာကွယ်ဖို့ကြိုးစားရင်း ဖြတ်ခံလိုက်ရလို့ နဂိုမူလအသွင် ပြန်ပြောင်းသွားခဲ့ရတာ။ အဲဒါနဲ့ လူတိုင်းက သူ့တကယ့်ပုံစံကို သိသွားကြတာပဲ။

"ယွီမိသားစုရဲ့ မျိုးနွယ်စုခေါင်းဆောင်က ရုတ်တရက် ပျောက်သွားတယ်လို့ပြောတာလား၊ ပြီးတော့ ခရီးသွားမသေမျိုးအကြီးအကဲတွေကိုပါ သူနဲ့ခေါ်သွားတယ်ပေါ့" ကူယွဲ့ မျက်မှောင်ကြုတ်မိလိုက်တယ်။

ယွီဟုန်ကခေါင်းညိတ်ပြလာတယ်။

ယိချင်းအမူအရာက မှောင်မည်းသွားတယ်။

"ယွီမိသားစုက ဆွေကြီးမျိုးကြီးမိသားစုလေးစုထဲ သက်တမ်းအရင့်ဆုံးတွေ၊ သူတို့ ဆရာ့မျက်စိရှေ့မှာတင် လွတ်မြောက်သွားအောင် လူတွေမသိတဲ့ ဆန်းပြားတဲ့အတတ်တွေကို တကယ်လေ့ကျင့်နေတာဖြစ်နိုင်လား"

"သူတို့ဘာသာ ပြေးသွားတာမဟုတ်ဘူး" စားပွဲပေါ်လှဲနေတဲ့ရှန်းရင်က ရုတ်တရက် ကြားဖြတ် ပြောလာတယ်။

"တစ်ယောက်ယောက် သူတို့ကိုခေါ်သွားတာ"

"ခေါ်သွားတာလား" ကူယွဲ့တုံ့ဆိုင်းသွားတယ်။

"တစ်ယောက်ယောက်က ကယ်သွားတယ်လို့ဆိုလိုတာပေါ့၊ ဘယ်သူလဲ"

"မသိဘူးလေ" သူမက စားပွဲပေါ် ခေါင်းပြန်မှောက်လိုက်လေတယ်။

"အဲလူပေါ်မလာဘူး"

လူတိုင်းရဲ့အမူအရာက လေးနက်သွားတယ်။ ယွီမိသားစုမှာတကယ်ပဲ ဝှက်ဖဲတွေအများကြီးရှိတဲ့ပုံ... ကူယွဲ့ အခန်းကိုဝေ့ဝဲကြည့်ပြီး တပည့်တစ်ယောက်ချင်းစီကို လေ့လာလိုက်တယ်။ အသံကို နှိမ့်ကာ သူပြောလိုက်တယ်။

"အားလုံး ဒီညထုပ်ပိုးကြ၊ မနက်ဖြန် ငါတို့ဝူတိဂိုဏ်းကိုပြန်မယ်"

ပျင်းနေပြန်တဲ့ကိုယ့်ဆရာ (ဘာသာပြန်)Where stories live. Discover now