အခန်း ၁၁၇ ။ ဝန်လေးလံစိတ်ကူးယဉ်သဏ္ဌာန်

1K 153 1
                                    

117

အခန်း ၁၁၇ ။ ဝန်လေးလံစိတ်ကူးယဉ်သဏ္ဌာန်

"ဘယ်သူလဲ၊ မင်း ဘာလို့ မြို့အရှင်ရဲ့ ဗိမာန်ကြိ ကျူးကျော်လာတာလဲ"

အဲလူက လက်ကောက်ဝတ်လှည့်လိုက်ချိန် နောက်ထပ်အမတဓားတစ်ချောင်းက ရှန်းရင်ဆီ ဦးတည်ပျံသန်းလာတယ်။ ဓားက ရှန်းရင်မျက်နှာနဲ့ နှစ်လက်မပဲကွာတဲ့နေရာမှာ ရပ်သွားပြီး အော်လိုက်တယ်။

"ပြောစမ်း"

"အာ..." ရှန်းရင်က တုံ့ဆိုင်းနေမိတယ်။

"ငါလမ်းပျောက်သွားတာလို့ပြောရင် ယုံမလား"

"သူများဗိမာန်မှာ လမ်းပြတယ်လား"

အဲလူက ပိုတောင်မျက်မှောင်ကြုတ်ပြီး တောက်ခေါက်တော့တယ်။

"ဟမ်၊ မင်းက အနက်ရောက်ဝတ်ရုံဝတ်ပြီး မြေအမတဖြစ်လာဖို့ တက်လှမ်းလာကာစ၊ မင်းဘာကြောင့်လာလဲဆိုတာ ငါမသိဘူးမထင်နဲ့"

"အယ်..." ဒါ တကယ့်ကို သာမန်ဝတ်ရုံအနက်ရောင်ပါဟယ်။

"မြန်မြန်ထွက်သွားပြီး ဝန်အလေးမျှော်စင်နဲ့ ပတ်သက်တဲ့ အကြံတွေအားလုံးကို စွန့်ပစ်ဖို့အကြံပေးတယ်၊ မဟုတ်လို့ကတော့... ငါ့ကိုရက်စက်လို့ဆိုပြီး အပြစ်မတင်နဲ့"

"ဝန်အလေးမျှော်စင်လား" ရှန်းရင်တန့်သွားတယ်။ သူမ အဲလူနောက်က မျှော်စင်ကိုမော့ကြည့်လိုက်တယ်။

တကယ်ပဲ မြင့်လွန်းလို့ တိမ်ပေါ်တောင် ရောက်လုနီးပါးပုံပေါက်နေတယ်။ မျှော်စင်က ပကတိ ပိန်းပိတ်အောင် မှောင်မည်းနေပြီး ညကောင်းကင်ယံနဲ့ ပြီးပြည့်စုံစွာ ပနံသင့်နေတယ်။ သူမသာ သေချာမကြည့်မိရင် အဲမှာမျှော်စင်ရှိတာ သတိထားမိမှာမဟုတ်ဘူး။

"မင်း အခုမှ မသေမျိုးတက်လှမ်းကာစ ကျင့်ကြံဆင့်မှာ အတော်လေးအားနည်းနေသေးတာမြင်ပြီး အခုနောင်တရရင် မြို့အရှင်က သေချာပေါက် မင်းကိုသက်ညှာပေးမှာပဲ"

သူက ခပ်ဩဩပြောလာတယ်။

ရှန်းရင် သူ့အမတစွမ်းအင်တွေ ထကြွလာတာကို ခံစားလိုက်ရတယ်။ ကြွားပဲကြွားနေတာလား ဒါမှမဟုတ် အလိုလိုဖြစ်လာ‌တာလားတော့ မသေချာဘူး။

ပျင်းနေပြန်တဲ့ကိုယ့်ဆရာ (ဘာသာပြန်)Where stories live. Discover now