အခန်း ၁၃၇ ။ ကျိုးကြောင်းသင့်ကြရအောင်

915 165 5
                                    

137

အခန်း ၁၃၇ ။ ကျိုးကြောင်းသင့်ကြရအောင်

"ဆရာ..."

"စားဖိုမှူး" ရှန်းရင်က ရေထဲ သစ်ပင်ကို ပစ်ထည့်ရင်း နှုတ်ဆက်လိုက်တယ်။ သူတို့နှစ်ယောက်ကို သူမနဲ့အတူဆွဲခေါ်ရင်း မြစ်ထဲခုန်ချတော့တယ်။

"လှေမြန်မြန်မောင်းတော့ သွားသွားသွား"

"ဆရာ ဘာဖြစ်တာလဲ"

"အု"

ရှန်းရင် ရှင်းမပြနိုင်ခင် မျောနေတဲ့ သစ်ပင်ပင်စည်ကြီးကိုဖက်ထားတဲ့ ကူယွဲ့ အန်တော့တယ်။ ပထမဆုံးအကြိမ်အနေနဲ့ လေယာဉ်မူး၊ ကားမူး၊ သင်္ဘောမူးတာအပြင် ပြေးပြီးမူးတာလည်းရှိသေးတာ သိလိုက်ရပြီ။ အဲငတုံးရှန်းရင်က ပြေးတာမြန်လွန်းတာကိုး။

"ရှင်းပြဖို့အချိန်မရှိဘူး၊ မြန်မြန်လှော်တော့" ရှန်းရင်က လောလိုက်တယ်။

ကြောင်နေပေမဲ့ ယိချင်း လေသိုင်းတစ်ခုထုတ်လိုက်တယ်။

ချက်ချင်းပဲ သုံးယောက်သား မြစ်လယ်ဆီ မျောလာကြတယ်။ သစ်ပင် ပင်စည်ထိပ်ဖျားမှာ ‌ရပ်ရင်း သုံးယောက်သား နောက်ဆုံးတော့ မြစ်လယ်ဆီရောက်ခဲ့ပြီ။

ရုတ်တရက် မြစ်ကမ်းကနေ ဒေါသတကြီးအော်သံကို ကြားလိုက်ရတယ်။

ဝတ်ရုံပြာနဲ့လူတစ်ယောက်က ရုတ်တရက် ကမ်းခြေမှာပေါ်လာတယ်။ သူ့ကိုယ်မှာ လွှမ်းနေတဲ့ မသေမျိုးချီက ထူလွန်းလို့ ကောယိုးတောင် မှင်တက်သွားတယ်။ မျက်လုံးပြူးပြီး မယုံကြည်နိုင်တဲ့ အမူအရာနဲ့ မေးလိုက်တယ်။

"ဧကရာဇ်ငယ်ရွှင် ဘယ်လိုလုပ် ဒီရောက်လာတာလဲ"

ရွှင်ရှူးက သူ့ရှန်းတုန်းအမတဘုံဗိမာန်ကနေ ထွက်တာ ရှားချက်ကိုး။

ဒါပေမဲ့ ရွှင်ရှူးက သူ့ကိုလျစ်လျူရှုနေတယ်။ အဲအစား မြစ်ကမ်းခြေက သစ်ရွက်ကြွေတစ်ခုကို ကောက်ယူပြီး သိုင်းကွက်တစ်ခု ထုတ်လိုက်တယ်။ ချက်ချင်းပဲ သစ်ရွက်လေးက ဧရာမသစ်ရွက်ကြီး ဖြစ်သွားပါလေရော။ ရွှင်ရှူး သစ်ရွက်ကို ရေထဲပစ်ချပြီး ‌ခုန်တက်လိုက်တယ်။ နောက်တော့ သစ်ရွက်လှေကို လမ်းကြောင်းပေးပြီး ဝူတိဂိုဏ်းသားသုံးယောက်ဆီ ဦးတည်ရင်း ဒေါသတကြီး အော်ပြောတော့တယ်။

ပျင်းနေပြန်တဲ့ကိုယ့်ဆရာ (ဘာသာပြန်)Where stories live. Discover now