အခန်း ၁၀၀ ။ အပြန်အလှန်လည်ပတ်မှု

1K 155 1
                                    

100
အခန်း ၁၀၀ ။ အပြန်အလှန်လည်ပတ်မှု

"ဖော်ရွေမှုအတွက် မျိုးနွယ်စုခေါင်းဆောင်ရိကို ကျေးဇူးတင်ပါတယ်၊ ရိမိသားစုက တကယ့်ကို ဆွေကြီးမျိုးကြီးမိသားစုပါပဲ၊ ဒီလာလည်မှုကနေ အတော်လေးအကျိုးအမြတ်ရလိုက်တယ်"

တောက်ပနေတဲ့ ကူယွဲ့က ရိဖုန်းကို လက်သီးဆုပ်ပြီး ဂါဝရပြုလိုက်တယ်။

"ဆရာသခင်ခေါင်းဆောင်ကူယွဲ့က ကြင်နာလွန်းနေပါပြီ" ရိဖုန်းလည်း ပြန်ဂါဝရပြုလိုက်တယ်။

"ဂိုဏ်းချုပ်ရှန်းနဲ့ ခင်ဗျားတို့ လာလည်လို့ ကျုပ်တို့ရိမိသားစု ဂုဏ်တက်ရတာပါ" အလကားရလိုက်တဲ့ မြွေနဂါးစာချုပ်အကြောင်း စဉ်းစားမိတာနဲ့  ရိဖုန်း သူမအပေါ် နွေးထွေးနေတာပေါ့။ ရှန်းရင်ဘက် လှည့်ပြီး သူကစိတ်ရင်းပါပါနဲ့ပြောတော့တယ်။

"ဂိုဏ်းချုပ်ရှန်းရဲ့ အကူအညီကို မေ့မှာမဟုတ်ပါဘူး"

သုံးခဲ့တဲ့နည်းက နည်းနည်းကြောက်ဖို့ကောင်းပေမဲ့လည်း ရတဲ့ဆုလာဘ်က ပိုတောင်များသေးတယ်။

"မလိုပါဘူး" ရှန်းရင် အပူအပင်မရှိပြောလိုက်တယ်။

"ငါတို့ ထပ်လာခဲ့ပါမယ်"

ရိဖုန်း ။ ။ "..." ထပ်လာခဲ့ပါ

(=@__@=)

"ဒါဆို သွားလိုက်ဦးမယ်နော်" ကူယွဲ့က အသိအမှတ်ပြုဟန် ခေါင်းညိတ်ပြီး ရိဖုန်းရဲ့ အိမ်ထိန်းကိုတောင် လှည့်ပြုံးပြလိုက်သေးတယ်။

ဒါပေမဲ့ အိမ်ထိန်းအမူအရာ‌ကတော့ စိတ်ညစ်စရာတစ်ခုခုကို သတိရသွားသလိုမျိုး မှောင်မည်းသွားလေရဲ့။

အဲတော့မှ ကူယွဲ့ သူ့ဓားပျံကို ဆင့်ခေါ်ပြီး ရှန်းရင်နဲ့ပြန်လာခဲ့တယ်။

ရိဖုန်းနဲ့ သူ့အိမ်ထိန်းလည်း အသီးသီး သက်ပြင်းချလိုက်ကြတယ်။ သူတို့နောက်ဆုံးတော့ ဒီနှစ်ယောက်ကို ပြန်လွှတ်နိုင်ပြီ။ သုံးရက်တည်းဆိုပေမဲ့ ဆယ်နှစ်လောက် အသက်တိုသွားသလိုပဲ။

ဟမ်။

ခဏနပေါဦး

"ဝိညာဉ်သခင် ဘယ်သွားနေတာလဲ" ကျွန်တော်တို့ သူတို့ကို အခုမှ နှုတ်ဆက်ထားတာလေ၊ ဘာလို့ သူတို့နဲ့ ပျံထွက်သွားရတာတုံး။

ပျင်းနေပြန်တဲ့ကိုယ့်ဆရာ (ဘာသာပြန်)Dove le storie prendono vita. Scoprilo ora