အခန်း ၈၄ ။ လျှို့ဝှက်နန်းတော်အဆောင်ငယ်

1K 168 0
                                    

84

အခန်း ၈၄ ။ လျှို့ဝှက်နန်းတော်အဆောင်ငယ်

ဖုန်းယင် ဝူတိဂိုဏ်းကို ရောက်လာတည်းက စနစ်က ၈၀ရာခိုင်နှုန်းလောက် အမြဲနီးပါး ကလန်ကဆန်လုပ်နေတာပဲ။ ဖုန်းယင်ကို ကိုယ့်ဘာသာ ဂိုဏ်းကာကွယ်ခိုင်းတာ ဘာသဘောလဲ။ သူ့မှာသာ စွမ်းဆောင်ရည်ရှိရင် စောနက ဝိညာဉ်လှည့်စားအစီအရင်ချဖို့ လိုပါ့မလား။

သူ နတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့် တစ်ယောက်နှစ်ယောက်ကို ကိုင်တွယ်နိုင်ပေမဲ့ ဆယ့်ငါးယောက်ကို ခုခံခိုင်းနေတာကတော့ သေတွင်းတူးခိုင်းနေသလိုပဲ

မဖြစ်ဘူး။

သူက ဂိုဏ်းကို သူ့ဘာသာသာ ကာကွယ်ပေးရအောင် ဘာမို့လို့လဲ။ ဂိုဏ်းချုပ်ဖြစ်တဲ့ ရှန်းရင်ကတောင် ရန်သူတွေ ဂိုဏ်းကိုကျူးကျော်ဖို့လုပ်ချိန် အိပ်နေတာလေ။ သူ ဒီကိုလက်စားချေဖို့ရောက်လာပေမဲ့ သူမအစား ဂိုဏ်းကိုကာကွယ်ပေးဖို့ မျှော်လင့်နေကြတာလား။ အဲဒါ ဘယ်လိုမျိုး အတွေးအခေါ်ကြီးလဲ။ သူ ဒီတာဝန်ကို ထမ်းဆောင်ဖို့ ငြင်းတယ် ငြင်းတယ် ဘယ်လိုပဲဖြစ်ဖြစ် ရှန်းရင်ကိုနှိုးရမယ်။

သူ ကျူးကျော်သူတွေကို လျစ်လျူရှုပြီး ရှန်းရင်ကိုနှိုးဖို့ နန်းတော်ဘေးအဆောင်ထဲ ဇွတ်တိုးဝင်ဖို့ လုပ်မလို့ပဲရှိသေး နောက်ကျလွန်းသွားခဲ့ပြီ။ တောင်အောက်ကနေ တစ်ခုခု ပြိုလဲသံကျယ်ကြီးကို ကြားလိုက်ရတယ်။ တခဏအတွင်း ယွီဟိုင်ဟုန်နဲ့ တခြား နတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့် ကျင့်ကြံသူအားလုံး ဖုန်းယင်ရှေ့က စတုရန်းရင်ပြင်မှာ ပေါ်လာကြတယ်။

"ဝိညာဉ်ဖမ်းမျှော်စင်ရဲ့ သခင်က တကယ်ကိုစွမ်းဆောင်ရည်ရှိတာပဲ" ယွီဟုန်ဟိုင်က လှောင်လာတယ်။

"မင်းက နတ်ဝိညာဉ်အဆင့်သာသာတစ်ယောက်ဆိုပေမဲ့ ဝိညာဉ်လှည့်စားအစီအရင်ကို ချနေနိုင်ပြီ၊ အစီအရင်က ငါတို့ကို အမြဲထိန်းမရဘဲ ခဏပဲထိန်းနိုင်တာတော့ နှမြောစရာပေါ့၊ ဘယ်လိုပဲဖြစ်ဖြစ် မင်းတို့အားလုံး‌ သေတွင်းကမလွတ်ပါဘူး"

"ယွီဟိုင်ဟုန်" ယွီဟုန် သူ့ကို ဒေါသတကြီး ကြည့်လိုက်တယ်။

"ရှင်က ကျွန်မတို့ဝူတိဂိုဏ်းကို ကျူးကျော်ရဲတယ်ပေါ့၊ ကျွန်မတို့ဆရာက ရှင့်ကို ထပ်ရိုက်နှက်မှာ မကြောက်ဘူးလား"

ပျင်းနေပြန်တဲ့ကိုယ့်ဆရာ (ဘာသာပြန်)Where stories live. Discover now