အခန်း ၁၂၇ ။ ထူးဆန်းသောဇာတ်လိုက်

1K 165 3
                                    

127

အခန်း ၁၂၇ ။ ထူးဆန်းသောဇာတ်လိုက်

ဂိုဏ်းက ပေါင်သားအဖကို သူတို့အစွမ်းပြပြီးတဲ့နောက် ကူယွဲ့ သူ့ဂိုဏ်းကတပည့်တွေကို ဘယ်လိုသေချာလေ့ကျင့်ရမလဲဆိုတာ သင်ကြားပေးဖို့ စိတ်ပိုင်းဖြတ်လိုက်တယ်။ နေ့တိုင်း သူက တပည့်တွေကို လေ့ကျင့်ရေးကွင်းဆီ ခေါ်သွားတယ်။ သူတို့က လေ့ကျင့်ရေး ပြိုင်တူ အားပေးတိုက်တွန်းသံတွေ အော်ဟစ်ကြတော့တာပဲ။

စိတ်ပြင်းထန်ပြီး ကျယ်လောင်တဲ့ အားပေးသံတွေက  တစ်ဂိုဏ်းလုံးစီပျံ့ပြီး အထူးသဖြင့်တော့ တစ်ခုသော နန်းတော်အဆောင်ဆီပေါ့။

ပေါင်သားအဖနှစ်ယောက် ဒီမြင်ကွင်းနဲ့ကြုံတိုင်း သူတို့မျက်နှာတွေက ထူးထူးဆန်းဆန်း စိမ်းလာတော့တယ်။ ဝူတိဂိုဏ်းက အမျိုးသမီးခန္ဓာကျင့်ကြံသူတွေနဲ့ ပြည့်နေတာ သိသွားတဲ့နောက် သူတို့အမူအရာက မသိမသာပိုဆိုးသွားတယ် - သူတို့မျက်ဝန်းထဲ ကူကယ်ရာမဲ့မှုတွေပါ ပေါ်လာလေရဲ့။

ဖေဖေနျိုက သားအဖနှစ်ယောက်ရဲ့ လက်ကျန်မျှော်လင့်ချက်အကုန်လုံးကို သတ်ဖို့ အားကုန်ထုတ်သုံးပစ်ခဲ့တယ်။ သူတို့အတွက် တစ်ခုတည်းသော အခက်အခဲက သူတို့တပည့်တွေ ဘာကြောင့် ခန္ဓာကျင့်ကြံသူတွေအဖြစ် ပြောင်းကုန်လဲပေါ့။ ဒါပေမဲ့ ခံစားချက်ဒဏ်ရာရနေတဲ့ သားအဖနှစ်ယောက်က ဒါနဲ့ပတ်သက်ပြီး အများကြီး မတွေးနိုင်ကြတာ အသိသာကြီးပဲ။ တပည့်တွေရဲ့ ခွန်အားနဲ့ စွမ်းရည်က တိုးတက်လာတယ်။ အရေးကြီးဆုံးက သူတို့အမတအရိုးတွေ ဖွဲ့စည်းဖို့ပဲ။

တစ်ဂိုဏ်းလုံး အမတဘုံဆီ တက်လှမ်းလာတာ ၆လရှိခဲ့ပြီ။ ယွီဟုန်နဲ့စစ်ယွီရဲ့ ကျင့်ကြံမှုက သိသိသာသာ တိုးတက်လာပြီး သူတို့အတွက် အမတအရိုးတွေဖွဲ့စည်းဖို့ သေချာပေါက်ကို မျှော်လင့်ချက် ရှိတယ်။ တခြားတပည့်တွေက တိုးတက်တဲ့အရိပ်အယောင်ပြပေမဲ့ သူတို့အုတ်မြစ်တွေက အရမ်းကိုယိမ်းယိုင်ပြီး အမတအရိုးတွေဖွဲ့စည်းဖို့ မျှော်လင့်ချက်နည်းသေးတယ်။

သူတို့ အမတအရိုးဖွဲ့စည်းပြီးမှ မြေအမတလို့သတ်မှတ်နိုင်မှာ။ ကူယွဲ့ တစ်ခုခု အမြန်စဉ်းစားဖို့လိုနေပြီ။ ဟုတ်တာပေါ့၊ ဇာတ်လိုက်နဲ့ပတ်သက်တဲ့ ပြဿနာကို အရင်အာရုံစိုက်ရဦးမယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ ဒီဇာတ်လိုက်နဲ့ အရမ်းရင်းနှီးလို့မဖြစ်ဘူး။ အထူးသဖြင့် ယိချင်းပဲ။

ပျင်းနေပြန်တဲ့ကိုယ့်ဆရာ (ဘာသာပြန်)Where stories live. Discover now