အခန်း ၁၁၈ ။ ဓားချီ

955 165 1
                                    

118

အခန်း ၁၁၈ ။ ဓားချီ

ချွီရွှမ်းမြို့တွင်း။

"မင်း သူ့ကိုတွေ့ခဲ့လား" ကူယွဲ့ ‌မေးလိုက်တယ်။

"သူက မြို့အနောက်ဘက်မှာ မရှိဘူးလား" ယိချင်း ခေါင်းယမ်းလိုက်တယ်။

"ကျွန်တော် အရှေ့ဘက်သွားကြည့်လိုက်မယ်"

"ထားလိုက်တော့ ထားလိုက်တော့" ကူယွဲ့ ယိချင်းကို ပြန်ဆွဲထားလိုက်တယ်။

"မင်းဆရာက သူ့ဘာသာသူ ဝှက်နေတတ်တာ သိရဲ့သားနဲ့၊ သူ ငါတို့ကိုမရှာသရွေ့ ငါ သူတို့ကို အလွယ်တကူ ရှာတွေ့နိုင်မှာမဟုတ်ဘူး"

"ဒါပေမဲ့... ဆရာက အရပ်မျက်နှာတွေမှာ မတော်ဘူးလေ" ယိချင်း ကူယွဲ့ကို သတိပေးလိုက်တယ်။

သူ့နှုတ်ခမ်းတွေ တွန့်ချိုးသွားတယ်။ ၁၀၁ကြိမ်မြောက်အနေနဲ့ သူမကို ကောင်းကောင်းရိုက်ပစ်ချင်နေတာပဲ။

"ငါတို့မှာ ရွေးစရာမှမရှိတာ၊ စောင့်ကြည့်ရုံပဲရှိတယ်"

"ခဏ" ယိချင်း ကူယွဲ့ကို အူကြောင်ကြောင် စိုက်ကြည့်နေမိတယ်။

"ဘာအတွက် စောင့်ရမှာ"

"ပြဿနာဘယ်နေရာမှာ ပေါ်လာလဲစောင့်ရမှာပေါ့" ကူယွဲ့ အံကြိတ်ပြီးပြောလိုက်တယ်။

"မင်းဆရာရဲ့ စရိုက်ကိုနားမလည်သေးဘူးလား၊ သူက ဘယ်နေရာရောက်ရောက် ပြဿနာဖန်တီးနေကျ၊ ငါတို့အားလုံးသိတာမို့ လောလောဆယ်..."

ဘွန်း...။

သူ စကားမဆုံးခင်မှာတင် အရှေ့ဘက်ကနေ ပေါက်ကွဲသံကျယ်ကြီး ကြားလိုက်ရတယ်။ ချွီရွှမ်းမြို့တစ်လျှောက်  အရှိန်အဟုန်ခံစားလိုက်ရပြီး မြေကြီးလည်းတုန်ရီသွားတယ်။ ချီမည်းတွေ အများကြီး လေထဲပြည့်လာပြီး မျက်စိတစ်မှိတ်အတွင်း အရှေ့ပိုင်းဒေသတစ်ခုလုံး ချီမည်းတွေ ဖုံးလွှမ်းသွားခဲ့တယ်။

"ဆရာ့အရှိန်အဝါကို အဲမှာ အာရုံခံမိတယ်" ယိချင်း အံ့ဩတကြီးပြောပြီး ဓားပျံနဲ့ အရှေ့ဘက်ဆီ ပျံသန်းသွားခဲ့တယ်။

တကယ်ပဲ။

ကူယွဲ့ မျက်မှောင်ကြုတ်ပြီး အရှေ့ဘက်လှည့်လိုက်တယ်။

ပျင်းနေပြန်တဲ့ကိုယ့်ဆရာ (ဘာသာပြန်)Where stories live. Discover now