အခန်း ၁၀၁ ။ မဟူရာဝိညာဉ်ပွင့်

1K 150 3
                                    

101
အခန်း ၁၀၁ ။ မဟူရာဝိညာဉ်ပွင့်

ဝူတိဂိုဏ်းတွင်

ဝိညာဉ်ချီက ပေါကြွယ်ဝနေတယ်။ တစိခါက တိတ်ဆိတ်နေတဲ့ တောင်ထွတ်က ခုတော့ ကောင်းကင်တစ်လျှောက်လုံး တောက်ပနေတဲ့ ရွှေရောင်အလင်းတန်းတွေနဲ့ ပြည့်နေခဲ့တယ်။ ဝိညာဉ်ချီက အလင်းရောင်ကို တုံ့ပြန်တဲ့အတိုင်း ကခုန်ပြီး တောင်ထိပ်မှာ စုဝေးနေတယ်။ ရွှေရောင်အလင်းတန်းတွေက ဂိုဏ်းတစ်ခုလုံးကို တောက်ပနေစေပြီး ရွှေပုံကြီးအဖြစ် ပြောင်းလဲထားတယ်။

ယိချင်းက သုံးလကြာ တရားကျင့်ကြံခဲ့တယ်။ ရုတ်တရက် သူမျက်လုံးတွေဖွင့်လာတယ်။ သူ အာရုံခံမိတဲ့ပထမဆုံးအရာက သူ့ပတ်လည်က ဝိညာဉ်ချီတွေက အရင်နဲ့ကွဲပြားနေတယ်ဆိုတာပဲ။ သူ ချက်ချင်း ချီတွေကို ခန္ဓာကိုယ်ထဲ စုပ်ယူလိုက်တယ်။ ရွှေရောင်ဝိညာဉ်ချီအားလုံးက သူ့ကိုယ်ထဲ စီးဝင်သွားတယ်။ အဲတော့မှ ဝူတိဂိုဏ်းရဲ့ ပုံစံက ပုံမှန်ပြန်ဖြစ်သွားတော့တယ်။

ယိချင်း သူ့ကိုယ်ခန္ဓာခွန်အားကို အာရုံခံကြည့်လိုက်တော့ သူ နတ်ဝိညာဉ်ဖြစ်ပေါ်ခြင်း နှောင်းပိုင်းအဆင့်ကို ရောက်နေပြီဆိုတာ နားလည်လိုက်တယ်။ သူ ရင်ထဲပျော်ရွှင်သွားပြီး ဂူထဲကနေ ထွက်ကာ အနောက်ဆောင်ဆီ ဦးတည်ခဲ့တယ်။ အဝေးက ရှန်းရင်ကို လှမ်းသတိထားမိသွားတယ်။

"ဆရာ၊ ကျွန်တော် ထွက်လာ..." သူ စကားပြောနေရင်း ရှန်းရင်ဘေး သူစိမ်းတစ်ယောက်ထိုင်နေတာကို သတိထားမိချိန် ရပ်လိုက်တယ်။ အဲလူက အဖြူရောင်ဝတ်ရုံနဲ့ လက်ထဲမှာ ပန်းကန်ပြားတစ်ချပ်ကိုင်ပြီး သူမနဲ့ အင်မတန် နီးနီးကပ်ကပ်ရပ်နေတယ်။ သူက ရှန်းရင်ကို သစ်သီးပန်းကန်ပြား ကမ်းပေးနေတာပဲ။ သူ့တောက်ပနေတဲ့ မျက်လုံးတွေက တကယ့်ကို... စိတ်ရှုပ်စရာကောင်းတယ်။

ယိချင်း နှလုံးသား အေးစက်သွားတယ်။ ဒီကလေးက လနည်းနည်းလေးအတွင်း ဘယ်လိုပေါ်လာတာလဲ။

"ဟေးစားဖိုမှူး" ရှန်းရင် ယိချင်းကို လှမ်းကြည့်လိုက်တယ်။ လက်ထဲကသစ်သီးကို ပါးစပ်ထဲ ပစ်သွင်းပြီး သူ့ဆီလျှောက်လာခဲ့တယ်။

"နင်ထွက်လာပြီပဲ"

"ဆရာ..." ယိချင်းက သူမဆီလျှောက်လာပြီး နောက်ကလူကို လှမ်းကြည့်လိုက်တယ်။ သူတို့အကြည့်ချင်း ဆုံသွားပြီး ကြားထဲကလေထုက လျှပ်စီးလှိုင်းတွေထနေတာပေါ့။

ပျင်းနေပြန်တဲ့ကိုယ့်ဆရာ (ဘာသာပြန်)Onde as histórias ganham vida. Descobre agora