အခန်း ၁၀၉ ။ ရွှမ်းယွမ်မိသားစုကို ဖျက်ဆီးခြင်း

963 152 0
                                    

109
အခန်း ၁၀၉ ။ ရွှမ်းယွမ်မိသားစုကို ဖျက်ဆီးခြင်း

သွေးတွေ။ မြေပြင်က သွေးတွေနဲ့ ဖုံးလွှမ်းနေပြီး နီရဲနေလွန်းလို့ သူ့မျက်စိတောင် ကျိန်းမိတယ်။ တောင်ထွတ်တစ်ခုလုံးက ရဲရဲနီနေတာပဲ။ သူ့ဂိုဏ်းသားတွေရဲ့ အလောင်းတွေက မြေပြင်ပေါ် ဖရိုဖရဲ။ တချို့က တပည့်သစ်တွေ၊ တချို့က နတ်ဝိညာဉ်ဆရာ‌ဦးလေးတွေ၊ တချို့ဆို နတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့် အကြီးအကဲတွေတောင်ဘပါတယ်။ အားလုံးက မသေခင် ထိတ်လန့်စရာ တစ်ခုခုကိုမြင်ခဲ့ရသလိုမျိုး မျက်ခုံးတွေပြူးပြီး မြေကြီးပေါ် လဲနေကျတယ်။

သူ့တစ်ဂိုဏ်းလုံး အမြစ်ဖြုတ် သတ်ခံလိုက်ရတာပဲ။

သူ့တစ်ကိုယ်လုံး အေးစက်သွားပြီး ငရဲက ဒီမြင်ကွင်းကို မယုံကြည်နိုင်စွာ ကြောင်အပြီး ကြည့်နေမိတယ်။

"ဟမ် နောက်ထပ်တစ်ယောက်ပဲ" ရုတ်တရက် ကြက်သီးထစရာ အသံတစ်သံက သူ့အပေါ်ကနေ ပေါ်လာတယ်။

တွန်းလှန်လို့မရတဲ့ ဖိအားကြီးတစ်ခုက ချက်ချင်း သူ့ပေါ်ဆင်းသက်လာတယ်။ သူ့ခြေထောက်တွေ ပျော့ခွေသွားပြီး ခန္ဓာကိုယ်တစ်ခုလုံး သွေးစွန်းနေတဲ့မြေပြင်ပေါ် ဖိခံထားရတယ်။ သူ့အတွင်းအင်္ဂါတွေနဲ့ သွေးကြောတွေ ချက်ချင်း ပေါက်ကွဲကုန်တယ်။ ရွှေအမြုတေလည်း လုံးဝ ပျက်စီးသွားတယ်။ သွေးတွေ ပါးစပ်က စီးကျလာပြီး လုံးဝမလှုပ်နိုင်တော့ဘူး။ သူ့ကျင့်ကြံမှုတွေ ခန္ဓာကိုယ်ကနေ သွေးတွေလိုမျိုးထွက်သွားတာကို ကြည့်နေရုံပဲတတ်နိုင်တယ်။

"ဟမ့်၊ ပုရွက်ဆိတ်တစ်ကောင်ပါပဲ" သူ အဲမော်ကြွားနေတဲ့ အသံကိုကြားလိုက်ရပြီး တဖြည်းဖြည်း အဝေးကို ပျောက်ကွယ်သွားတယ်။

သူ့ကျန်ရစ်တဲ့လက်ကျန်အားကိုသုံးပြီး ကောင်လေးက အသံလာရာကို ခေါင်းမော့ကြည့်နိုင်ခဲ့တယ်။ ဒါ‌ပေမဲ့ သူတွေ့ရတာက တောက်ပနေတဲ့ ရောင်ခြည်တွေနဲ့ အဖြူရောင်ပုံရိပ်တစ်ခုက မိုးကုပ်စက်ဝိုင်းဆီ ပျံသန်းသွားတာပဲ။ အိပ်မက်နဲ့တောင် တူနေတယ်။

အဲဒါက... မသေမျိုးချီပဲ

သူ တကယ်တော့ မသေမျိုးတစ်ယောက်ပေါ့ ဘာလို့လဲ။ ဘာလို့ မသေမျိုးက သူ့တစ်ဂိုဏ်းလုံးကို ဖျက်‌ဆီးရတာလဲ

ပျင်းနေပြန်တဲ့ကိုယ့်ဆရာ (ဘာသာပြန်)Where stories live. Discover now