အခန်း ၉၈ ။ မဟာမိတ်အတွက်

1K 146 6
                                    

98
အခန်း ၉၈ ။ မဟာမိတ်အတွက်

ရိဖုန်း ရှန်းရင်ကို မေးမလို့ပဲရှိသေး ရုတ်တရက် ကောင်းကင်မှာ တောက်ပစူးရှတဲ့အလင်းရောင်ကြီး ပေါ်လာတယ်။ ပိုင်ဇယ့်ကိုယ်ကနေ မျက်စိကျိန်းစရာ အလင်းတွေ ထွက်လာတာက ‌ပူပြင်းနေတဲ့နေမင်းကြီးရဲ့ အလင်းတန်းတွေလို ပတ်ဝန်းကျင်က အမှောင်ထုကို ချက်ချင်း လွင့်ပျောက်သွားစေခဲ့တယ်။ ရိဖုန်း သု့ကိုဖိနေတဲ့ အရှိန်အဝါက ပျောက်ကွယ်သွားလို့ ရင်ထဲ သက်သာသွားခဲ့တယ်။

ပိုင်ဇယ့်ခန္ဓာကိုယ်က အလင်းရောင်က တဖြည်းဖြည်း လင်းလာပြီး ရုတ်တရက် မှင်တက်စရာပြောင်းလဲမှုကြုံရတော့တယ်။ နှင်းလိုဖြူစွတ်တဲ့ ဝတ်ရုံခြုံထားတဲ့ သူ့ကိုယ်က သားရဲကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားတယ်။ အမွေးတွေက အသန့်စင်ဆုံးဖြူဖွေးနေပြီး ခေါင်းမှာတော့ တောက်ပနေတဲ့ချိုတစ်ချောင်းနဲ့။ ခြေထောက်တွေကိုရှေ့ဘက်ကွေးပြီး ကောင်းကင်ပေါ်က အမည်းရောင်မြွေနဂါးဆီ တန်းခုန်သွားတော့တယ်။

"အော်၊ အဲဒီအမွေးဖြူလုံးကို" ရှန်းရ်ုက အံ့ဩတကြီးပြောပြီး ကောင်းကင်ပေါ်က မဟာသားရဲဖြူကို ငေးကြည့်နေမိတယ်။

"..." ရိဖုန်းပါးစပ်တွန့်သွားတယ်။ သောက်ကျိုးနည်း ဘာအမွေးလုံးလဲ။ ကိစ္စကို ထပ်ဖုံးကွယ်လို့မ ရတော့တာ မြင်တော့ သူရှင်းပြလိုက်ရတော့တယ်။

"ဒီကောင်းကင်သားရဲက ဝိညာဉ်သခင်ပိုင်ဇယ်ပါ၊ သူက ကျွန်တော်တို့ရိမိသားစုရဲ့ အနန္တသားရဲတောင်ထွတ်မှာ နှစ်ပေါင်းတစ်သောင်းလောက်နေပြီး ပုံရိပ်ယောင်ပင်လယ်ကနေ ထျန်းလန်လောကသုံးခွင်ဆီ ကျူးကျော်လာမှာကို ကာကွယ်နေတာပါ"

"အော်" ရှန်းရင် ခေါင်းညိတ်ပြလိုက်တယ်။ အပြစ်ကင်းတဲ့အကြည့်နဲ့ သူမက မေးတော့တာပေါ့။

"တခြားဟာတွေရှိသေးလား"

"ဟမ် ဟမ်" ရိဖုန်း အူကြောင်ကြောင်ဖြစ်သွားတယ်။ ဘာတခြားဟာလဲ။

"ဟမ်... စားဖို့အတွက် သင့်တော်တဲ့ တခြားဟာတွေလေ"

ရိဖုန်း ။ ။ "..."

သူမ ဆိုလိုတာက သားရဲထိန်းချုပ်ဖို့အတွက် သင့်တော်တာကိုပြောတာမလား။ ဟုတ်ပါတယ်၊ သူမ ဆိုလိုတာ အဲဒါသေချာတယ်။

ပျင်းနေပြန်တဲ့ကိုယ့်ဆရာ (ဘာသာပြန်)Onde as histórias ganham vida. Descobre agora