အခန်း ၉၃ ။ ရိမိသားစု၏ခရီး

1K 149 4
                                    

93

အခန်း ၉၃ ။ ရိမိသားစု၏ခရီး

ရိမိသားစု။

"ဂိုဏ်းချုပ်ရှန်း၊ ဆရာသခင်ကူယွဲ့"

ရိဖုန်းက အဝေးကနေကြိုဆိုပြီး အားပါးတရပြုံးပြလိုက်တယ်။

"မကြိုဆိုနိုင်ခဲ့လို့ စိတ်မကောင်းပါဘူး၊ ခရီးပန်းနေတော့မှာပဲ"

"မင်္ဂလာပါ" ရှန်းရင်လည်း လက်နှုတ်ဆက်ပြလိုက်တယ်။

"ဆရာသခင်ယိချင်းကို ဘယ်လိုလုပ်မမြင်မိတာပါလိမ့်"

ရိဖုန်းက သူတို့နောက်ကိုလှမ်းကြည့်ပြီး စပ်စပ်စုစုမေးတော့တယ်။

"သူက ဂူအောင်းတရားကျင့်နေတယ်လေ" ကူယွဲ့ ဖြေလိုက်တယ်။

"အော် အဲလိုကိုး" ရိဖုန်းက ခေါင်းညိတ်ပြတယ်။

"မသေမျိုးတက်လှမ်းမှုစေတီမှာ ဆရာသခင်နှစ်ယောက် ကျုပ်အသက်ကို ကယ်ပေးတဲ့အတွက် ကျေးဇူးမတင်ရသေးလို့လေ"

"မိသားစုသခင်ကြီး၊ ခင်ဗျားက ကြင်နာလွန်းနေပါပြီ" ကူယွဲ့က ပိုပြီးယဉ်ယဉ်ကျေးကျေး ပြုံးတော့တယ်။

"ကျုပ်တို့က တရားမျှတမှုနဲ့တည်ဆောက်ထားတဲ့ ဂိုဏ်းတွေပဲလေ၊ ကျုပ်တို့ လိုအပ်တဲ့အချိန်တွေမှာ တစ်ယောက်ကိုတစ်ယောက် ကူညီသင့်တာပဲ"

နှစ်ယောက်လုံးက အချင်းချင်းယဉ်ယဉ်ကျေးကျေး ပြုံးပြီးတော့ ရိဖုန်းက ဘေးကိုဖယ်ပြီး သူတို့ကို  တောင်တန်းဒေသရဲ့ဝင်ပေါက်‌ဆီ ခေါ်လာခဲ့တယ်။ တခြားဆွေကြီးမျိုးကြီးမိသားစုသုံးစုနဲ့မတူ ရိမိသားစုရဲ့ အဓိကအိမ်က အမတမြို့ထဲမှာရှိတာ မဟုတ်ဘူး။ အဲအစား ရိမိသားစုက ဒီအပိုင်းမှာတော့ သာမန်ဂိုဏ်းတွေနဲ့ ဆင်တယ်။ သူတို့ဂိုဏ်းကို မျောလွင့်နေတဲ့တောင်ထွတ်တွေမှာ ဆောက်လုပ်ထားတာ။ သူတို့တောင်တန်းဒေသထဲဝင်ဝင်ချင်း သားရဲအမျိုးမျိုးရဲ့ အသံတွေ ကြားလိုက်ရတယ်။

ရိဖုန်းက နှစ်ယောက်ကို ပင်မတောင်ထွတ်ဆီ ခေါ်သွားတယ်။ သူ လမ်းမှာတွေ့ရသမျှ တပည့်အားလုံးက ထူးခြားတဲ့ဝိညာဉ်သားရဲ တစ်ကောင်၊နှစ်ကောင်ကိုယ်စီနဲ့။ အမ်... သူတို့အရသာက ဘယ်လိုမျိုးပါလိမ့်။

ပျင်းနေပြန်တဲ့ကိုယ့်ဆရာ (ဘာသာပြန်)Where stories live. Discover now