အခန်း ၁၃၃ ။ မြို့တော်ဆီဦးတည်ခြင်း

945 150 1
                                    

133

အခန်း ၁၃၃ ။ မြို့တော်ဆီဦးတည်ခြင်း

ရှန်းရင်နဲ့ ကူယွဲ့ ယိချင်းကို မြို့တော်ဆီ အဖော်လိုက်ပေးခဲ့တယ်။

အမတဘုံက နေရာရွှေ့ပြောင်းအစီအရင်က အောက်ဘုံကဟာတွေထက် အများကြီးသာပေမဲ့ ခရီးက သုံးရက်တောင်ကြာ‌ခဲ့သေးတယ်။ သူတို့ ချုံလန်တိုင်းပြည်ရဲ့ မြို့တော်ဆီ ဆင့်ခေါ်မှုသတ်မှတ်ထားတဲ့ အချိန်အတိုင်းအတာရဲ့ နောက်ဆုံးနေ့မှာ ရောက်လာခဲ့တယ်။

ချွီရွှမ်းမြို့နဲ့ယှဉ်ရင် မြို့တော်က အများကြီးပိုကြီးတယ်။ ဒါက တိမ်တွေပေါ်မှာ ဆောက်ထားတဲ့မြို့တစ်မြို့ပဲ။ ရှေးဟောင်းအဆောက်အအုံအမျိုးမျိုးကို တိမ်လွှာတွေကြား မြင်နိုင်တယ်။ မြို့လယ်ခေါင်တည့်တည့်မှာတော့ နန်းတော်ကြီးတစ်ခုက တခြားအမတနန်းတော်အားလုံးထက် မိုးထိုးနေပြီး လူတွေကို မျက်စိကျိန်းသွားစေမဲ့ ရွှေရောင်အရောင်အဝါတွေထုတ်နေတယ်။

မြို့ရဲ့အရှေ့ဆုံးမှာတော့ ကောင်းကင်ထိ မိုးထိုးနေတဲ့ မုခ်ဦးတံခါးကြီးတစ်ခု စိုးမိုးလျက်ရှိတယ်။ စောင့်ကြပ်နေတဲ့သူ ဘယ်သူမှမရှိဘဲ အဲအစား မုခ်ဦးအလယ်မှာ အင်းကွက်အစီအရင်ကြီးတစ်ခု မြင်လိုက်ရတယ်။ အစီအရင်အလယ်မှာတော့ တလက်လက်တောက်ပနေတဲ့ ရွှေရောင်ဓမ္မလက်ဖွဲ့အဆောင်တွေ ဝိုင်းနေတယ်။

ယိချင်း ဆင့်ခေါ်တဲ့တံဆိပ်ပြားကို ထုတ်လိုက်တယ်။ အနီရောင်အလင်းတန်းတစ်ခု ချက်ချင်း လက်သွားပြီး တံဆိပ်ပြားက မုခ်ဦးကို တန်းတန်းမတ်မတ် ဖြတ်သန်းသွားခဲ့တယ်။ မုခ်ဦးက အစီအရင်က အရောင်နက်လာပြီး လမ်းကြောင်းတစ်ခုပေါ်လာတယ်။

သုံးယောက်သား တန်းတန်းမတ်မတ်ဝင်လာပြီး သူတို့ဝင်ပေါက်ကို ဖြတ်ဖြတ်ချင်း သူတို့ရှေ့က မြင်ကွင်းက ပြောင်းလဲသွားတယ်။ အမတနန်းတော်တွေ ရုတ်တရက် ထပ်ပေါ်လာပြီး ရီဝေဝေတောက်ပမှုနဲ့ ဝေ့လည်နေတဲ့ တိမ်တိုက်တွေ ဖုံးလွှမ်းနေတယ်။ အချိန်နဲ့အမျှ အမတကြိုးကြာတွေရဲ့ တွန်ကျူးသံကို ကြားနေရလေရဲ့။ အမတနန်းတော်တွေက ကျောက်စိမ်းဖြူလှေကားတွေက ဆက်သွယ်နေတယ်။ လှေကားတစ်ခုချင်းစီက တသီးတခြား မျောလွင့်နေလေရဲ့။ အမတတွေအများကြီး အလိုအလျောက်ရွေ့နေတဲ့ ဒီလှေကားထိပ်တွေပေါ် ရပ်နေတာကို မြင်နေရတယ်။ အောက်ဘုံမှာ မြင်တွေ့ဖို့ခက်တဲ့ ရှားပါး‌ဝိညာဉ်‌ဆေးမြစ်တွေက လမ်းတစ်လျှောက် အလေ့ကျပေါက်နေတယ်။

ပျင်းနေပြန်တဲ့ကိုယ့်ဆရာ (ဘာသာပြန်)Where stories live. Discover now