အခန်း ၉၄ ။ အမွေးပွလုံး

1K 160 3
                                    

94

အခန်း ၉၄ ။ အမွေးပွလုံး

ရှန်းရင် အနန္တသားရဲတောင်ထွတ်မှာ သားရဲ သတိပြန်မရခင်ထိ ဟိုဟိုဒီဒီ လျှောက်ပတ်ကြည့်ပေမဲ့ နေ‌ရာရွှေ့ပြောင်းအစီအရင် ရှာမတွေ့နိုင်သေးဘူး။ သူမ တုံ့ဆိုင်းနေရင်း တောင်ထွတ်ပေါ်ကခုန်ချဖို့ ဆုံးဖြတ်ချက်ချလိုက်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒါက ဝူတိဂိုဏ်းမှာ သူမတောင်အောက်ဆင်းတဲ့နည်းကိုး။

ရုတ်တရက်ကြီး သူမ ညာဘက်က တောအုပ်ကြီးထဲ အလင်းပြိုးပြိုးပျက်ပျက်လေးကိုမြင်လိုက်ရတယ်။ သူမ သတိရသွားတာက နေရာရွှေ့ပြောင်းအစီအရင်ကလည်း အဖြူရောင်အလင်းတန်း ထုတ်တယ်ဆိုတော့ ရင်ထဲပျော်ရွှင်ပြီး တောအုပ်ကြီးထဲ လျှောက်လာခဲ့တော့တယ်။ သူမရှေ့က သစ်ရွက်တွေကို ဖယ်ရင်း နောက်တော့ မျက်လုံးပြူးသွားခဲ့တယ်။

ပိုက်ဆံတွေ... အများကြီးပဲဟ

(⊙ω⊙)

ဂူတစ်ခုက သူမရှေ့ ဘွားကနဲပေါ်လာတယ်။ ဂူနံရံတွေက အဆက်မပြတ် အဖြူရောင်အလင်းတွေ ထုတ်နေတဲ့ ဝိညာဉ်ကျောက်တုံးတွေနဲ့ လုပ်ထားတာ။ သူ ဂူနားကပ်သွားတော့ အားကောင်းတဲ့ဝိညာဉ်ချီလှိုင်းတစ်ခု သူမဆီ တစ်ရှိန်ထိုး လှိမ့်လာတာကို ခံစားမိလိုက်တယ်။ ရှန်းရင် ဂူနံရံကို ထိကြည့်လိုက်တယ်။ ရိမိသားစုက တကယ်ကို ဒေသခံအာဏာရှင်တွေပဲ။ သူ ရုတ်တရက် ဖေဖေနျိုကို ခေါ်ချင်သွားတယ်။

ရှန်းရင် ဂူထဲစူးစမ်းချင်တဲ့သူ့စိတ်ကို လိုက်လျောလိုက်တယ်။ ဂူအတွင်းပိုင်းကကြီးပြီး ဝိညာဉ်ကျောက်တုံးမိုင်းတွင်းနဲ့ပဲ တူနေတယ်။ ကြမ်းပြင်နဲ့နံရံအားလုံးကို အထက်တန်းအဆင့် ဝိညာဉ်ကျောက်တုံးတွေနဲ့ ဖုံးထားတယ်။ ကြမ်းပြင်က ချောမွတ်ပြီး ဂူထဲ ဘာမှမရှိတာက အလယ်က ကြီးမားတဲ့... အဖြူရောင် အမွေးလုံးကြီးအတွက် ချန်ပေးထားတာလား။

ရှန်းရင်ကတော့ စားလို့ရတဲ့ဟာတွေကလွဲ သားရဲများများစားစား မမှတ်မိရှာ။ ကြမ်းပြင်ပေါ်က ဝိညာဉ်ကျောက်တုံးတွေတောင် မယှဉ်နိုင်လောက်အောင်အမွေးဖြူတဲ့သားရဲမျိုး မြင်ဖူးတယ်လို့တော့ မမှတ်မိဘူး။ နဖူးက ‌သလင်းကျောက်ချိုလို ရှည်ပြီး ကြည်လင်နေတယ်။

ပျင်းနေပြန်တဲ့ကိုယ့်ဆရာ (ဘာသာပြန်)Where stories live. Discover now