အခန်း ၈၁ ။ အခြားကမ္ဘာမှစနစ်

1K 159 4
                                    

81
အခန်း ၈၁ ။ အခြားကမ္ဘာမှစနစ်

"စနစ်လား" ကူယွဲ့ တုံ့ဆိုင်းသွားတယ်။ သူ့ရှေ့က လူကို ခေါင်း‌စခြေ‌ဆုံး ကြည့်ပြီး ဆက်ပြောလိုက်တယ်။

"အမတကျင့်ကြံသူတွေရဲ့လောကမှာ ဘာလို့ စနစ်ရှိနေတာလဲ၊ မင်းလည်း ဝိညာဉ်ကူးပြောင်းလာသူလား"

ဒီနေ့ခေတ်လူတွေက ကူးပြောင်းချင်တဲ့အချိန်တိုင်း ကူးပြောင်းချင်သလို ကူးပြောင်းနေကြတာလား။

"ဝိညာဉ်ကူး- ဂစ်... ဘာအဓိပ္ပာယ်ကြီးလဲ" ဖုန်းယင် မေးပြီး မျက်မှောင်ကြုတ်လိုက်တယ်။ သူ နောက်ဆုံးတော့ ငိုတာရပ်ပြီး လေတက်သွားတယ်။

"ဒါဆို မင်းက ကူးပြောင်းလာတာမဟုတ်ဘူးလား ကူယွဲ့သိချင်စိတ်က အောင့်သွားတယ်။

"ဒါဆို မင်းခန္ဓာကိုယ်ထဲက ဒီစနစ်ကဘာလဲ"

"ဟမ့် ကျုပ်က-ဂစ်- ဘာလို့- ခင်ဗျားတို့ကို-ဂစ်- ပြောပြရမှာလဲ" ဖုန်းယင်က လုံးဝပူးပေါင်းလိုစိတ်ရှိဘဲ ဒေါသတကြီး တောက်ခေါက်တော့တယ်။ ဒါပေမဲ့ ကြို့ထိုးနေတော့ သိပ်ပြီးရှိန်စရာမကောင်းဘူး။

"ဒီစနစ်က-ဂစ်-ငါ-ဂစ်- ဝိညာဉ်စာချုပ် ချုပ်ပြီးတည်းက အနားမှာရှိနေတာ၊ ခင်ဗျားတို့ မနာလိုဖြစ်ကောင်းဖြစ်နိုင်ပေမဲ့..."

ဒါပေမဲ့ သူ စကားမဆုံးနိုင်ခင် အသံတစ်သံက သူ့ခန္ဓာကိုယ်ကနေ ထွက်လာတယ်။ သူနဲ့ရှန်းရင်ပဲ စနစ်ဘာဆက်ပြောလဲဆိုတာ ကြားနိုင်တာပေါ့။

[တင်း အမှတ်စဉ် ။ ။ CIEH12 ပုံစံစနစ်မှ တာဝန်ထမ်းဆောင်နေပါတယ်၊ ဒီစနစ်က ဂြိုဟ်နံပါတ် ZC999 ပေါ်မှ နယ်ပယ် 3584.65 ထဲက ဟုန်ယိုးချန် ၁ ကုမ္ပဏီက ထုတ်လုပ်ထားတာဖြစ်ပါတယ်၊ စနစ်ရဲ့မူလနယ်ပယ်ကို ထိမှန်လာတဲ့ ရုတ်တရ က်ကြယ်စုတစ်ခုကြောင့် ဒီနယ်ပယ်ကို ရောက်လာခဲ့တာပါ၊ ဟုန်ယိုးချန်ကုမ္ပဏီက  ဒီစနစ်တွေကို ထုတ်လုပ်ဖို့ နှစ်မြုပ်ထားတာပါ၊ CIEH12 ကတော့ ဒီပုံစံရယ် ၁၂ခုမြောက်စနစ်ဖြစ်ပါတယ်၊ လက်ခံသူရဲ့ ပေါ့ဆညံ့ဖျင်းမှုတွေကို အမှန်ပြင်ပေးပြီး လမ်းညွှန်နိုင်သလို လက်ခံသူရဲ့ ကျန်းမာရေးနဲ့ဖွံ့ဖြိုးမှုကို အာမခံနိုင်ပါတယ်၊ လက်ရှိလက်ခံသူ ။ ။ ဖုန်းယင်]

ပျင်းနေပြန်တဲ့ကိုယ့်ဆရာ (ဘာသာပြန်)Dove le storie prendono vita. Scoprilo ora