အခန်း ၁၇၃ ။ ဗိုလ်လုပွဲဝင်ရောက်ခြင်း

774 151 6
                                    

173

အခန်း ၁၇၃ ။ ဗိုလ်လုပွဲဝင်ရောက်ခြင်း

"ရှင်တို့အားလုံး..." ဟွေ့လင် ဒေါသထွက်လာတယ်။ သူမဆရာရဲ့ ဂုဏ်ပုဒ်ကိုသုံးဖို့ ကြိုးစားပြီးပြီ။ ဒါပေမဲ့ ဒီလူတွေက လေးစားမှု နည်းနည်းလေးပြဖို့တောင် ဂရုမစိုက်ဘဲ အလံကို သူမဆီကလုဖို့ပဲ အာရုံစိုက်နေတယ်။ သူမစဉ်းစားလေ ဒေါသထွက်လာလေပဲ။ ဒီလူတွေက သူတို့အတွက် ဘာကောင်းလဲဆိုတာ မသိကြဘူးပဲ။ သူတို့တွေက မျိုးရိုးနာမည်ရှန်းဆိုတဲ့ သူတို့ဂိုဏ်းချုပ်လိုပဲ စိတ်တိုစရာကောင်းတယ်။

"ရှင်တို့တွေက ယဉ်ယဉ်ကျေးကျေး ညှိနှိုင်းတာ မလုပ်ချင်ဘူးပေါ့၊ ဘယ်လောက် အရည်အချင်းရှိလဲဆိုတာ မြင်ချင်မိသား"

သူမကစကားပြောရင်း လက်ယမ်းလိုက်တော့ သူမလက်ထဲ အနီရောင်ဖဲကြိုးကြီးတစ်ခုပေါ်လာတယ်။ ထိပ်တန်းအဆင့်အမတလက်နက်ပဲ။ ပတ်လည်မှာ မသေမျိုးချီတွေ ပေါကြွယ်ဝနေပြီး မှော်အတတ်အကြွင်းအကျန်တွေနဲ့ ပြန့်ကျဲနေတယ်။ ဖျတ်ခနဲလင်းသွားပြီး ဖဲကြိုးနီက ဖုန်းယင်ဓားထိပ်ကို ဖမ်းဆုတ်သွားတယ်။ ဟွေ့လင်က ဆတ်ခနဲ တောက်ပစ်လိုက်တော့ သူ့လက်ထဲက အမတဓားတောင် တရွတ်ဆွဲသွားခဲ့တယ်။

"ဖုန်းယင်" ချီချန်းယွီက ထိတ်လန့်သွားတယ်။ သူမ သူ့ကိုကူ‌ဖို့ အမြန်ပျံသန်းလာတယ်။

ဟွေ့လင်က တောက်ခေါက်ပြီး အမူအရာက အထင်သေးမှုအပြည့်။

"ဖွီ ဒီလိုကျင့်ကြံဆင့်နဲ့များ ငါနဲ့တိုက်ခိုက်ချင်နေသေး..."

သူ စကားမဆုံးခင် ဘေးနားကနေ အက်ကွဲသံကြားလိုက်ရတယ်။ သူမ လှည့်ကြည့်လိုက်တော့ တစ်စုံတစ်ရာက သူမဘေးကဖြတ်သွားတယ်။ နောက်အခိုက်အတန့်မှာ အက်ကွဲသံကျယ်ကြီး ထွက်လာတယ်။ သူမခြေထောက်အောက်က မြေကြီးက အက်ကွဲလာပြီး အက်ကွဲကြောင်းနက်ကြီးတွေ ပေါ်လာလေရဲ့။

ဟွေ့လင်က အမြန်နောက်ဆုတ်သွားတယ်။ အဲတော့မှပဲ သူမ သေချာမြင်ရတော့တယ်။ သူမကိုဝိုင်းထားတဲ့ ဗလတောင့်တောင့် မိန်းကလေး၈ယောက်။ မြေကြီး ဒီလိုဖြစ်သွားတာ သူတို့ထဲက တစ်ယောက် ထိုးလိုက်လို့ပဲ။ ဟွေ့လင်ဝတ်ထားတဲ့ ဝတ်ရုံရဲ့ အင်္ကျီလက်တွေတောင် ဆွဲဖြဲခံလိုက်ရလို့ အပေါ်တစ်ဝက်ပဲ ကျန်တော့တယ်။

ပျင်းနေပြန်တဲ့ကိုယ့်ဆရာ (ဘာသာပြန်)Onde as histórias ganham vida. Descobre agora